End

4.6K 305 46
                                    

ဂျောင်ကုသည် ဒေါသမီးဟုန်းဟုန်းတောက်နေလျက် ကလပ်ထဲသို့ ဝင်ဝင်ချင်း ကောင်တာရှိ အဖျော်ကောင်လေး၏ လမ်းညွှန်မှုကြောင့် ရောက်လာသော နေရာသည် VIP roomတစ်ခုရှေ့

ထိုရှေ့တွင် အနက်ရောင် ဝတ်ဆုံများဖြင့် လူနှစ်ယောက်အားတွေ့ရကာ သေချာကြည့်လျင် ထိုသူနှစ်ယောက်သည် ဟွမ်နောက်လိုက်များဖြစ်ပါလိမ့်မည်

အထဲမှ အော်သံတစ်ခုနှင့်အတူ ထပ်မံထွက်ပေါ်လာသော ပစ္စည်းကျကွဲသံများကြောင့် ဂျောင်ကု သွေးကြောများ ပေါက်ကွဲထံက်မတက် ‌ဖြစ်လာရသည်

အထဲဝင်မည်အလုပ် အဝင်မခံသော ထိုနှစ်ယောက်သည် သူ့ဒေါသတွေအား ပိုပိုဆွပေးနေသလိုလို

"ဖယ်ပေး" အံကြိတ်ကာ ပြောလိုက်သော ဂျောင်ကုအသံသည် အေးစက်စက်ဖြင့် တကယ်ကြောက်ဖို့ကောင်းနေခဲ့သည်

"မင်းက ဘာကိစ္စရှိလို့ဝင်မှာလည်း
ဒီနေရာက ဝင်လို့မရဘူး သွား "

သူ့ပုခုံးတွေအား တွန်းကာ ပြောနေသော ကောင်၏ လက်တစ်ဖက်အား ဆွဲကာ
ဂျောင်ကု အသံမြည်သည်အထိ ချိုးပစ်လိုက်သည်

"အား...."

တစ်ယောက်ကို ထိ၍ နောက်ထပ်ဝင်လာသော တစ်ယောက်အား ဂျောင်ကု လည်ပင်းညစ်ထားလိုက်သည်

"ကိစ္စက သိပ်ရှိတယ်
မင်းတို့ရဲ့ ခွေးလို သခင်က ခွေးကျင့်ခွေးကြံ ကြံပြီး ငါ့ယောက်ျားကို ထိဖို့လုပ်နေတာဘဲ "

မျက်လုံးတွေထဲထိ စိုက်ကြည့်ကာ ပြောအပြီး ညစ်ထားသော လက်တွေအား စောင့်တွန်းကာ ဖယ်ပေးလိုက်သည်

ဂျီမင်း ဘာမှ မတတ်နိုင်တဲ့အဆုံး ဂျောင့်နာမည်ကိုသာ တကာ ငိုနေမိသည်

ဒီလိုတွေ မကြိုက်ဘူး ဂျောင်သိရင် တကယ်စိတ်ဆိုးမှာ
သူက ဘာလို့ ယောက်ျားချင်းတူတူကို အခြားယောက်ျားရဲ့ ထိပါးချင်းခံနေရတာလဲ

ဘာလို့ အားမရှိသလိုဖြစ်နေတာလဲ
ကမ္ဘာပေါ်က ယောက်ျားတိုင်းကို သူစိတ်မဝင်စားပါဘူး ချစ်မိတဲ့လူက ယောက်ျားတစ်ယောက်ဖြစ်နေရုံပါ

အဲ့တာကို အခွင့်ကောင်းယူပြီး အချို့ယောက်ျားတွေက သိပ်စမ်းသပ်ချင်ကျတာ
မုန်းဖို့ကောင်းလိုက်တာ

MapleWhere stories live. Discover now