"ဂျောင်..."
တိုးရှရှခေါ်သံလေးတစ်ခု
သူချက်ချင်းမြူခိုးတွေနဲ့ပြည့်နက်သွားကာ ဘာမှမရှိသော ကွင်းပြင်ကျယ်ကြီးထဲသူတစ်ယောက်တည်းသာ"ဂျောင်..."
ဒုတိယအကြိမ်ထွက်ပေါ်လာသော အသံ
ဒီအသံလေးကိုသူသိနေတယ်
သေချာပေါက် သူ့ဆရာလေးအသံမဟုတ်ပေလားဂျောင်ကုသည်ကွင်းပြင်ကျယ်ကြီးထဲ ရပ်နေရင်းပင် အသံလာရာ နေရာမှန်သမျှ လိုက်ကြည့်ကာ တစ်စုံတစ်ခုကိုရှာနေခဲ့သည်
"ဂျောင်ကု
ကိုယ့်ကလေးလေး "ထပ်မံထွက်ပေါ်လာသော အသံလေးနဲ့အတူ နောက်ကျောဘက်ဆီမှ ရစ်သိုင်းလာသော လက်ကလေးတစ်စုံ
သူလှည့်ကြည့်ရန်ပြင်လိုက်ပေမယ့် လုံးဝအလှည့်မခံခဲ့ တင်းကြပ်စွာ ဖက်ထားသောသူကြောင့် သူ ဒီတိုင်းသာ ရပ်နေမိသည်
"ဆရာ "
ရစ်သိုင်းထားသော လက်ကလေးတစ်စုံအား သူအပေါ်မှ အုပ်မိုးကိုင်ကာ ချစ်ရသူနာမည်လေးအား သူခေါ်လိုက်သည်
ချက်ချင်းဖြုတ်သွားသော လက်ကလေးတွေနဲ့အတူ အေးစက်လာသောရာသီဉတု
ဂျောင်ကု အနောက်သို့ လှည့်ကြည့်လိုက်တော့ ဝတ်နေကျဆွယ်တာအပါးလေးတွင် သွေးများဖြင့် မြင်မကောင်းအောင်ပေကျံနေသော ဆရာ"ဂျောင် ..ဟင့် "
ဂျီမင်းသည် ပေကျံနေသော သွေးတွေ ငိုနေကာ သူ့နာမည်ကိုဘဲ ခေါ်နေတော့သည်
"ဆရာ "
ဂျောင်ကု ရှေ့သို့ ခြေတစ်လှမ်းတိုးလေ ဂျီမင်းသည်နောက်သို့ဆုတ်လေ ဖြစ်သောကြောင့် ဂျောင်ကုအားမလိုအားမရဖြစ်နေမိသည်
"ထွက်မပြေးပါနဲ့
ကျွန်တော်နဲ့ နေပါ နော် "ထို့သို့ပြောလိုက်တော့ ချက်ချင်းရပ်သွားကာ ထူးဆန်းသော အကြည့်တွေဖြင့်ကြည့်လာသောဂျီမင်းသည် ရုတ်တရက်ကြီး ထရီတာကြောင့် ဂျောင်ကုတစ်ယောက်အကြောင်သားငေးနေမိတော့သည်
"ထွက်သွားမှာ
ဂျောင်က မချစ်တော့ဘူးလေ
ဟားဟားဟား ""ဆရာ
ဘယ်လိုဖြစ်နေတာလဲ အဲ့လိုမလုပ်ပါနဲ့ "
YOU ARE READING
Maple
Fanfictionမျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ဂျောင် မကြျမှနျလေးအောကျက မကြျလုံးဝိုငျးဝိုငျးလေးတှေ ကိုယ့ျကွောင့ျခကျထနျသှားလို့ တောငျးပနျပါတယျ ...