Pt 16

2.8K 266 22
                                    

အကြင်သူကလေးငယ်သည်
            ရက်စက်တတ်ခဲ့ပြီ

အကြင်သူကလေးငယ်သည်
                 မုန်းတီးသွားခဲ့ပြီ

အကြင်သူကလေးငယ်သည်
                    ခက်ထန်သွားခဲ့ပြီ

အကြင်သူကလေးငယ်သည်
                  အငြိုးတွေထားတတ်ခဲ့ပြီ

ဒါတွေဘယ်သူ့ကြောင့်လဲလို့ မေးခဲ့လျှင် လက်ဘိုးထိုးကျမှာ ကျွန်တော့စီကိုပါ
ကျွန်တော်ကြောင့်ပါဘဲ

မိမိရှေ့တွင် အပေါ်ပိုင်းဗလာဖြင့် အိပ်ပျော်နေသော သူအား ဂျီမင်းအတော်အကြာငေးကြည့်နေမိသည်

အိပ်ပြီလို့သာပြောတာ ကျွန်တော်က အိပ်မပျော် ထိုလူသားကတော့ အိပ်မက်ကမ္ဘာတွေထဲတောင်ရောက်နေလောက်ပြီ

ပြောင်းလဲသွားတယ်
အရင်တုန်းကလို သူ "ဆရာ"ဆိုပြီးမချွဲတော့ "ခင်ဗျား"လို့ သုံးနှုန်းလာခဲ့သည်
အရင်တုန်းကလို အင်္ကျီပွပွ ဘောင်းဘီ ပွပွ မျက်မှန်လေးနဲ့ ကျောင်းသားငယ် မဟုတ်တော့ဘူး ရှပ်အင်္ကျီကော်လံစကို ပိပြားစွာချိုးကာ စတိုင်ပန်တွေနဲ့ အထာကျကျ ဆံပင်တွေလန်တင်ကာ စီးပွား‌‌ေရးနယ်ပယ်ထဲ  ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်သွားပြီ

ပြန်လာခေါ်စေချင်ခဲ့တာပါဂျောင်
အရမ်းချစ်လို့ အဆုံးထိ တန်ဖိုးတွေချပြီး မင်းပေးသမျှခံယူဖို့ အဆင်သင့်လုပ်ထားပေမယ့်ဂျောင်ရယ် ကိုယ် ခံနိုင်ရေ မရှိဘူးဖြစ်နေတယ်

မင်းရဲ့အသုံးအနှုန်းတွေ
မင်းရဲ့အကြည့်တွေ
အရမ်းတင်းမာလွန်းတော့ ကိုယ်ဖြင့် လေတိုက်ရင်တောင် အဲ့နာကျင်မှုတွေနဲ့ ပစ်လဲသွားတော့မလိုပါဘဲ
ဒါတောင် ကိုယ်တို့တွေ့တာ နာရီပိုင်းဘဲရှိသေးတာနော်ဂျောင်
နောင်တစ်သက်တာဆို ကိုယ်ခံနိုင်ရည်တကယ်ကောရှိပါ့မလား

အိပ်မောကျနေသော ကောင်လေးအားကြည့်ကာ မျက်ရည်များထပ်မံ စီးကျနေတော့ မရှိုက်မိအောင်ထိန်းထားရသေးသည်
တက်တူးအပြည့်နဲ့ လက်တစ်ဖက်အား ထိကိုင်ရန်လက်လှန်းလိုက်သော်လည်း သူမထိဖြစ်ခဲ့ မဝံ့မရဲနဲ့ဘဲ လက်လေးကို နောက်ပြန်ဆုတ်မိသည်

MapleWhere stories live. Discover now