Pt.6

2.7K 250 13
                                    

ကျောင်းမှတ်တိုင်တွင်ရပ်တန့်သွားသော ဘတ်စ်ကားပေါ်မှ အဝါရောင်ပုံရိပ်လေးသည် အရင်ဆင်းသွားလျက်
နောက်မှ ထပ်ကြပ်မကွာ ကပ်ပါလာသော မျက်မှန်လေးသည်လည်း ပြာပြာသလဲ လိုက်ရသည်

ရှေ့မှ တစ်ရွေ့ရွေ့ဖြင့် လျှောက်လှမ်းနေသော သေးငယ်မှုလေးသည် တစ်ချက်တစ်ချက်ခန္ဓာကိုယ်လေး တုန်တုန်သွားသည်

ဘာတွေကများ အဲ့လောက်ဝမ်းနည်းစေတာလဲ ကားပေါ်မှာလည်း ငိုခဲ့ပြီးပီ
ခုလမ်းလျှောက်နေရင်းနဲ့လည်း ငိုနေတာဘဲ

အဲ့နေ့က ကျွန်တော်သိခဲ့တာ ကျွန်တော့ဆရာသည်လည်း အလွန်ဝမ်းနည်းတတ်သော လူသားလေးဖြစ်ကြောင်းကိုပေါ့ဗျာ....

ဂျောင်ကုလည်း အရှေ့မှပုံရိပ်လေးနောက်သို့ ဆက်လိုက်သွားတော့သည်

"ကိုကိုက အမြဲအဲ့လိုဘဲ
မိန်းကလေးလည်းမဟုတ်ဘဲနဲ့ကို အရမ်းချုပ်ချယ်တာဘဲ
အီး...ဟီး..."

သူ့ဘာသာပြော သူ့ဘာသာငိုနေသော ဂျီမင်းရယ်ပါ
အိမ်မှာတုန်းက ကိုကို့ရှေ့မို့ ငိုချင်သော်လည်း အောင့်အီးထားရသည်
အလိုလိုမှ ကလေးလို့ဘဲ ထင်နေတာ သူ့ရှေ့အော်ငိုရင် ပိုတောင် ကလေးလို့မြင်ခံရဦးမည်
အဲ့လိုတော့မဖြစ်မခံနိုင်
သူသည်  ရင့်ကျတ်တဲ့အရွယ်ယောက်နေသော လူတစ်ယောက်
ကလေးတွေရဲ့ဆရာတစ်ယောက် ....

ကျောင်းဝန်းရှေ့ရောက်တော့ ဂျီမင်းသည် မျက်ရည်များအား လက်ဖမိုးလေးဖြင့် သုတ်လိုက်ကာ အသက်ဝအောင်ရှူလိုက်သည်

"ဟုတ်တယ် ဂျီမင်း  မင်းတော်တယ်
ကိုကိုက စိတ်ပူလို့ ပြောတာ စိတ်မဆိုးရဘူး
Mapleပင်တွေအောက် ခဏလောက်ထိုင်ပြီး မျက်လုံးလေးမှိတ်လိုက်ရင် အကုန်ပျောက်သွားမှာ ဘာမှမဟုတ်တော့ဘူး
Fighting...."

မိမိရှေ့မှ ရပ်သွားသော ဆရာ့အား သူအနောက်မှ ရပ်ကြည့်နေမိသည်
'ကျောင်းရှေ့ရောက်နေတာ မဝင်သေးဘဲဘာလုပ်နေတာလဲ'ဟု တွေးနေတုန်းရှိသေး

လက်သီးသေးသေးလေးအား စုပ်ကာ
ခြေထောက်လေးတစ်ဖက်စောင့်လျှက် ကျောင်းဝင်းထဲဝင်သွားသော ဆရာ့အား ကြည့်ကာ သူကလိကလိဖြစ်သွားရသည်

MapleWhere stories live. Discover now