Pt.27

3K 253 21
                                    

ကျွန်တော်တို့ အားလုံးချစ်ခဲ့ကျတယ်
မတူညီတဲ့မေတ္တာတွေနဲ့ ချစ်နိုင်သလောက်ထိ အတိုင်းအတာမဲ့ ချစ်ပေးခဲ့ကျတယ်

တစ်ယောက်တစ်မျိုးစီမှန်ကန်တဲ့လုပ်ရပ်တွေလုပ်ခဲ့ကျတယ်
ဘယ်သူမှ အမှားလည်းမကင်းပါဘဲ လောကမှာ ကိုယ်တစ်ယောက်ထဲ ကွက်မှားနေသလို
ထင်ခံခဲ့ရတယ်

ချစ်ရသူကပေးတဲ့ နာကျင်မှုတွေ
ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ ကျွန်တော်တို့အဆုံးမဲ့ခံစားရတယ်

သူတို့ဟာ သူများအမှားဘဲမြင်နေခဲ့ကာ သူတို့အမှားကိုကျ မျက်ကွယ်ပြုထားကျဆဲ
မတူညီတဲ့ ဒေသတွေမှာရှင်သန်နေရပေမယ့် လောကကြီးရဲ့ နာကျင်မှုတွေကိုတော့ အတူတူခံစားနေရတယ်
မဆန်းကျယ်ဘူးလား ချစ်ရက်နဲ့ မှားနေကျတဲ့ကံကြမ္မာကြီးကလေ ...ကျွန်တော်တို့ဖြင့် ကြောက်လိုက်တာ အဲ့ကံကို ရူးခါနေအောင်ဘဲလေ .....

ထယ်ယောင်းတစ်ယောက် ဂျောင်ကုအား အလောတကောနှုတ်ဆက်ကာ ‌ကား ပါကင်ဆီ သုတ်ခြေတင်ပြေးရတော့သည်

အကြောင်းမှာ
ချစ်ရသူ အမူးသမားလေးအား ကားထဲတစ်ယောက်ထဲထားခဲ့ချင်းဖြစ်သည်

ထယ်ယောင်းတစ်ယောက် ကားထဲမှာအေးချမ်းစွာအိပ်ပျော်နေသော ဟို‌ဆော့ကိုမြင်မှ သက်ပြင်းချရသည်
အမူးသမားလေးက ချစ်ဖို့ကောင်းနေတော့ ကျွန်တော်စိတ်မချဘူးရယ်

ကားထဲဝင်ထိုင်လိုက်၍ အေးချမ်းစွာအိပ်ပျော်နေသော သူလေးထံ ဘေးတစ်စောင်းလေးမှီကာ ကျွန်တော်ခပ်ကြာကြာငေးကြည့်မိသည်

ဖြောင့်တန်းတဲ့မျက်ခုံး
နှာတံစင်းစင်း ‌သေသပ်တဲ့နှုတ်ခမ်းတစ်စုံ
ရီလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးတစ်စုံ ထိုအရာတွေက ကျွန်တော် 10နှစ်သားကတည်းက ရူးရချင်းလက္ခာရပ်များသာ

ချစ်တယ် ...ဟင့်အင်း ကျွန်တော်ချစ်တာထက် အတိုင်းထက်လွန်ချစ်တယ်

အတ္တကြီးတယ်လို့ဘဲဆိုဆို
ဂျောင်ဟိုဆော့ဆိုတဲ့ အမျိုးသားငယ် အားငယ်နေတဲ့အချိန်လည်း သူရှိခဲ့တယ်
ဝမ်းနည်းချိန်တိုင်းလည်းသူရှိခဲ့တယ်
နေမကောင်းချိန်တိုင်းလည်းသူရှိခဲ့တယ်
ပျော်ရွှင်စရာ ၊ဝမနည်းစရာအကုန် သူနဲ့တိုက်ရိုက်အချိုးကျခဲ့သည်

MapleWhere stories live. Discover now