အိမ်ပြန်ရောက်တဲ့အထိ စကားလုံးဝမပြောသော ဂျောင်သည် တကယ်ဘာတွေကို ကောက်နေတာလဲ ဂျီမင်း မစဉ်းစားတတ်တော့
ဂျောင့်ကိုပစ်ထားမိတာ ဝန်ခံပါတယ်
ဒါပေမယ့်လည်း သူပြန်ချော့တာဘဲလေ
ဂျောင်အဲ့တုန်းကတောင် သူ့ကိုစကားပြောရက်နဲ့ကလေးလို့ပြောရက်လည်း မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်ဦးမယ်
လုပ်နေတဲ့ပုံစံတွေကကျေတာ့လည်း မဟုတ်နေကောက်ချိတ်ကာ ဆိုဖာပေါ်တွင်ထိုင်နေသောဂျောင်သည် တစ်ယောက်ထဲလည်းမကောက်နေ ဘန်းကိုပါ ကျွန်တော်နား အကပ်မခံ
ဂျီမင်းသည် ကောက်တော်မူနေသော ဆိုဖာပေါ်မှ သားဖနှစ်ယောက်ဘေးလေး ကပ်ကာဝင်ထိုင်လိုက်သည်
"ဘန်း ပါးဆီလာပါဦး "
ဂျောင့်လက်တွေထဲ အပွတ်သပ်ခံနေသော ဘန်းသည် ကျွန်တော်ခေါ်တော့ ဂျောင့်အားလှမ်းကြည့်သည်
သို့သော်လည်းမလာခဲ့ပါ ဂျောင်သည် ဘန်းအား သူဘက်ပိုဆွဲကပ်လိုက်သောကြောင့်ဖြစ်သည်ဂျီမင်း တစ်ယောက် ဂျောင်စိတ်ဆိုးပြေအောင် ဘယ်လိုချော့ရမလဲလည်း မသိဘူး
ချော့လည်း မချော့တတ်ဘူးလေ
သူဘဲ တစ်အိမ်လုံးအပေါ် ကောက်ချိတ်လာတာ သူ့အပေါ်ပြန်ကောက်ရင် သူဘာမှမလုပ်တတ်တော့"ဂျောင်~~"
ဂျီမင်းသည် ဂျောင့်အင်္ကျီလက်ရှည် အနားစလေးအား လှမ်းဆွဲကာခေါ်လိုက်သည်
"ဘာလဲ "
အနည်းငယ် တင်းမာနေသော ဂျောင့်အသံကြောင့် ဂျီမင်းသက်ပြင်းမောလေးချလိုက်သည်
"ဘာတွေ ကောက်နေတာလဲ မသိပေမယ့် တောင်းပန်ပါတယ် "
ဂျောင်သည် တစ်ချက်သာကြည့်ပြီး ဟိုဘက်လှည့်သွားပြန်တော့ ဂျီမင်းသည် ဂျောင်အောက်တွင်ထိုင်နေသော ဘန်းအား မျက်နှာငယ်လေးဖြင့်
ပြောချင်တာကတော့ "မင်း ဒယ်ဒီမကောင်းဘူး"ဆိုသော မျက်လုံးတွေဖြင့် ကြည့်နေသည်
ဘန်းသည် သူ့အားခေါ်ချင်သောလည်း
ဂျောင့်ကိုသူလည်း ကြောက်သည်
ပါးပါးကို မခေါ်ရဲဘူး ဆိုသော ရုပ်ဖြင့်
ဂျီမင်းမျက်နှာငိုမဲ့မဲ့လေး
YOU ARE READING
Maple
Fanfictionမျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ဂျောင် မကြျမှနျလေးအောကျက မကြျလုံးဝိုငျးဝိုငျးလေးတှေ ကိုယ့ျကွောင့ျခကျထနျသှားလို့ တောငျးပနျပါတယျ ...