Pt.25

3K 255 18
                                    

"ယွန်းဂီ "

မင်္ဂလာဆောင်ကပြန်လာကတည်းက အခန်းထဲဝင်သွားသော ယွန်းဂီသည် ညစာစားချိန်အထိ ပြန်မထွက်လာသဖြင့် နမ်ဂျွန်း ယွန်းဂီအခန်းရှေ့ရောက်နေချင်းဖြစ်သည်

"နမ်ဂျွန်းလား "

"ဟုတ်တယ် မင်း အပြင်ထွက်မလာလို့ လာခေါ်တာ ဒေါက်တာညစာချက်ထားတယ် စားရအောင်လို့  "

"ဟုတ်လား ငါမစားတော့ဘူးလို့ပြောပေးဦးကွာ "

ဒီကောင်ကို အဲ့တာတွေမကြိုက်တာ
ဂျီမင်းနဲ့ဆိုရင် သန်မာသလိုလိုဘာလိုလိုနဲ့ နောက်ကွယ်ကျ ပြိုလဲပါပြီ  ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့

ကျွန်တော်ယွန်းဂီနဲ့စတွေ့တဲ့နေ့ကတည်းက ယွန်းဂီဟာ အနေအေးအေးလေးနဲ့ သီးသန့်နေတတ်တဲ့လူစားမျိုး
အသက်ငယ်ငယ်လေးနဲ့ သူအကုန်သိတတ်နေပြီး ရင့်ကျက်သလိုလေးဖြစ်နေခဲ့ပြီးသား

နောက်ပိုင်း အများကြီးရင်းနှီးလာလေ ယွန်းဂီအကြောင်းတွေပိုသိလာလေ ဖြစ်ရကာ အများကြီးသနားမိပြီး သူတို့ညီကိုနှစ်ယောက်အား ပိုပိုသံယောဇဉ် တွယ်မိနေချင်း

"မင်းကို မကြိုက်တာအဲ့တာတွေဘဲ တံခါးဖွင့်ထားတယ်မဟုတ်လား ငါဝင်လာပြီနော် "

စကားမဆုံးခင်ဝင်လာသော နမ်ဂျွန်းသည် အိပ်ယာပေါ်တွင်ရှုပ်ပွနေသော ဓါတ်ပုံလေးများရယ် မှိုင်းညို့ညို့ ယွန်းဂီမျက်လုံးအား ကြည့်ကာ ခေါင်းခါရမ်းမိသည်

"အဲ့တာ ဘာတွေလုပ်နေပြန်တာတုန်း "

နမ်ဂျွန်းစကားအား ယွန်းဂီ ခပ်ဟဟရယ်ကာ ဘာမှတော့မပြော ထိုင်မြဲအတိုင်းထိုင်နေသည်
နမ်ဂျွန်းလည်း အစိုးရိမ်လွန်နေသော သူငယ်ချင်းနားသွားကာ စကားအလိုက်သင့်လေးပြောရန် ဓါတ်ပုံလေးအားကောက်ကိုင်လိုက်သည်

"ဒါ ဂျီမင်း ငယ်ငယ်ကပုံမဟုတ်လား "

"ဟုတ်တယ် အဲ့တာ 5နှစ်ပြည့်တုန်းကလေ
မေမေနဲ့ဖေဖေအတူ နောက်ဆုံးကျင်းပခဲ့တဲ့ ဂျီမင်းရဲ့ မွေးနေ့လေးဘဲ "

"အာ ... "

ဟိုဟိုဒီဒီ ဓါတ်ပုံတွေအကုန်လုံး ဂျီမင်းငယ်ငယ်ကနေ အရွယ်ရောက်တဲ့အထိ ရိုက်ကူးထားသော ဓါတ်ပုံလေးတွေသာ ဖြစ်သည်

MapleWhere stories live. Discover now