Pt.30

3K 248 19
                                    

"ကင်နမ်ဂျွန်း !"

Park အိမ်တော်ရဲ့ မီးဖိုချောင်ထဲမှ ဟိန်းထွက်လာသော ဒေါက်တာအသံသည် ယွန်းဂီထိုင်နေသော ခြံထဲထိ ကျူးကျူးကျော်ကျော်

ကင်နမ်ဂျွန်းတို့ စုံတွဲအား သူ ပြန်ခိုင်းသည်မှာ အတော်ကြာပြီဖြစ်သော်လည်း နမ်ဂျွန်းသည် ဘယ်လိုမှပြောမရ

မင်းကို စိတ်မချလို့
မင်းတစ်ယောက်ထဲ အားငယ်မှာစိုးလို့ ဘာညာ အကြောင်းပြကာ ထိုလင်လင်နှစ်ယောက်သည် ညီငယ်လေး မင်္ဂလာပွဲမတိုင်ခင်က ခုတလတောင်ပြည့်တော့မည် အိမ်လည်းမပြန်ကျ

မနက်တိုင်းကြားနေရသော ဒေါက်တာအသံစူးစူးသည် နမ်ဂျွန်းတစ်ခုခုပြဿနာလုပ်သောကြောင့်
တစ်ခုပြီးတစ်ခုဖြစ်နေကျသော ဒီလင်လင်နှစ်ယောက်သည် တစ်ခါတစ်လေရန်ဖြစ်သလောက် တစ်ခါတစ်လေလည်း တည့်နေတတ်သည်

ယွန်းဂီသည် သူတို့တည့်နေသည့်အချိန်တွင် အနှိမ်ခံရကာ မျက်စိနောက်ရ၍
မတည့်သော အချိန်များတွင်တော့ ခုလို နားညီးရသေးသည်

ကိုယ်အိမ်ကိုနေပြီး ဒုက္ခ‌ခံနေရသည်အဖြစ်ပါလေ
ရှားရှားပါးပါးအလုပ်ပိတ်ရက်လေးမို့ အေးအေးဆေးဆေးခြံထဲဆင်း ကော်ဖီလေးတစ်ခွက်ဖြင့် အထာကျကျသတင်းစာဖတ်နေချိန် အိမ်ထဲက အတွဲကတော့ ချဲနေလောက်ပြီ
ထားလိုက် အဲ့တာသူတို့ဖြစ်နေကျပြဿနာ
နောက်ကျ ပြန်တည့်သွားကျမှာဘဲ
အတွဲတွေတကယ် မျက်စိနောက်စရာကောင်းလှပါသည်

သူ့မီးဖိုချောင်ကြီး ပြောင်းပြန်လှန်သွားရင်တောင် ဂရုမစိုက်ဘူးဟူသော အပြုအမှုဖြင့် ယွန်းဂီသည် မီးဖိုထဲရှိ သူငယ်ချင်းဖြစ်သူ၏ အခြေအနေအား မသိရှိနေ

" ‌မင်း..သွား ငါခေါ်မှလာတော့
အေးအေးဆေးဆေး ထိုင်နေလိုက်တော့သွား"

ချစ်ရသူဒေါက်တာလေးသည် ညစာစားရန်ပြင်ဆင်နေသောကြောင့် သူလည်း ဘေးတွင်ကပ်ကာကူပေးနေချင်း

နမ်ဂျွန်းတစ်ယောက် ကူရင်းကူရင်းဖြင့်
ကူရာ မရောက်ဘဲ ရှုပ်ရာရောက်နေတော့
ဟင်းပွဲတွေအပေါ်တန်ဖိုးထားသော ဒေါက်တာလေးသည် ချစ်ရသူအားအမြင်မကြည်တော့

MapleWhere stories live. Discover now