pt 23

2.9K 254 15
                                    

ဂျောင်ကုတို့အား ဝင်ပို့အပြီးအပြန်တွင် ကျွန်တော်နဲ့ ဆော့ စကားထပ်များကျရသေးသည်

လမ်းဘေးတစ်နေရာတွင် ရပ်တန့်သွားသော ကားတစ်စီး
ထိုကားထဲရှိ မောင်းသူ‌နေရာတွင် ထိုင်နေသော အမျိုးသားအား ဘေးခုံတွင် ထိုင်နေသော အမျိုးသားတစ်ဦးသည် အဆက်မပြတ်ရိုက်ပုတ်လို့နေသည်

"ဟိုဆော့ တော်တော့လို့ ငါစိတ်တိုလာရင် မင်းသိတယ်နော် "

အဆက်မပြတ်ရိုက်ပုတ်နေသော လက်ကလေးတွေအား ဖမ်းချုပ်ကာ ထယ်ဆိုတော့
အတင်းရှုန်းကန်လာသော လက်တွေကား ပိုနာမည်ဆိုသောကြောင့်လွှတ်ပေးလိုက်ရသည်

"ပြစမ်း ဂျောင်ကုရိုက်တာ နာသွားလားဆိုတာ "

သူ့ကို ရိုက်ပုတ်နေတာ အချက်တစ်သောင်းမက နာနေတာသူကို ကျွန်တော့လက်တွေအားဆွဲကာ ဂျောင်ကုရိုက်လိုက်သော နေရာအား သေချာကြည့်နေပြန်သည်

ကင်ထယ်ယောင်းက အရူး
မိဘလုပ်ငန်းတွေလည်း ဦးဆောင်နိုင်နေပြီ
ရုပ်ရည်လည်း မင်းသားရှုံး
လိုချင်တဲ့အမျိုးသမီးတွေကလည်း ဝိုင်းဝိုင်းလည်ကို ခုထိသူ့အနားကမခွာ ကော်နဲ့ကပ်ထားသလို
ကျွန်တော့လို ဝါသနာပါရာ ပန်းချီလုပ်ငန်းနဲ့ အေးအေးဆေးဆေးနေသူအား သူဘာတွေများမက်မောနေရပါသလဲ နားမလည်နိုင်

ကင်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ကုဟာ တစ်ထပ်တည်း
ကင်ထယ်ယောင်းက အနေမအေးတာနဲ့
ဂျွန်ဂျောင်ကုအနေအေးသွားတဲ့sideဘဲကွာသည်
ခေါင်းမာတာ အတ္တကြီးတာ ကိုယ့်ဖို့ကိုယ်ကြည့်ကျတာ တစ်ထပ်တည်း

တယုတယ ကိုင်ကာကြည့်နေသော သူထံမှ ကျွန်တော့်လက်တွေအားရှုန်းပစ်လိုက်သည်

"ဘာဖြစ်ရပြန်တာလဲ
ဂျောင်ကုရိုက်တဲ့နေရာက ရဲနေတယ်
အိမ်ပြန်ရောက်မှ ဆေးလိမ်းရအောင်
လက်တွေက ထိခိုက်လို့မရဘူးမဟုတ်လား အဖိုးတန်တယ်လေ "

"လာယုယပြမနေနဲ့ထယ်
ငါယောက်ျား ဒီလောက်လေးကစာမဖွဲ့ဘူး "

ကျွန်တော်ရိုက်လို့ နီရဲ‌ေနတဲ့တစ်ကိုယ်လုံးအား သူမမြင်နေတာလား
ကင်ထယ်ယောင်းငါ့ကို overတွေလာလုပ်နေတာလား

MapleWhere stories live. Discover now