Pt.35

3K 240 18
                                    

ဂျောင့်အား ထိုလူနဲ့ တွေ့စရာအကြောင်းမရှိပါဘူးဟု ပြောကာမှ အပြင်ထွက်တိုင်း ထို ဟွမ်ဆိုသောလူနှင့်တွေ့သည်

ဘယ်သွားသွား တစ်ခုမဟုတ်တစ်ခုအကြောင်းပြချက်ဖြင့် ရောက်ရောက်လာတတ်သော ထိုလူသည် သူ့နားတဝဲလည်လည်

မသိရင် အမြဲတမ်း သူ့အားစောင့်ကြည့်နေသလိုလို ခံစားရကာ ဂျီမင်းစိတ်တွေလည်း အတော်ရှုပ်နေခဲ့ပါသည်

ဟိုတစ်ခါ ဂျောင့်အားလပ်ရက် အပြင်သွားကျတော့လည်း ထိုလူနဲ့တွေ့သဖြင့် ဂျောင်နဲ့ ရန်ဖြစ်ခဲ့ရသေးသည်

ဂျောင်ဟာ သူနဲ့ပတ်သတ်ရင် မရလွန်းသူမို့ ကြိုသိကာ ရှောင်သော်လည်း ထိုလက်ရဲဇက်ရဲလူသည် မရခဲ့ နေရာတိုင်းပေါ်ပေါ်လာသည်

ကြာရင် ဂျောင်နဲ့သူလည်း ထိုလူ့ကြောင့်စကားများရတာ အကြိမ်ရေပေါင်းမနဲတော့
ဂျောင်သည် သံသယ လွန်လာကာ တစ်ခါတစ်လေ ပစ္စည်းတွေရိုက်ခွဲတဲ့ထိ ရန်ပွဲပြင်းထန်ခဲ့သည်

ခုလည်း သူ့ဖုန်းနံပါတ်အား ဘယ်ကဘယ်လို ရသွားမှန်းမသိသော ဟွမ်ကြောင့် ထပ်စကားများနေရပြန်သည်

"အဲ့ကောင်နဲ့ မပတ်သတ်ဘူးဆို
ဂျွန်ဂျီမင်း ခုဟိုအကောင်က မင်းဖုန်း‌နံပါတ်ထိ လွန်လွန်ကြူးကြူး "

"ဂျောင် မင်းစကားတွေက ဘယ်ရောက်နေလဲ မင်းပြန်စဉ်းစား
ငါမဟုတ်တဲ့ကိစ္စတစ်ခုကြောင့် ငါ့ကိုလာပြီး စွပ်စွဲမနေနဲ့ "

"ဟိုအကောင်က မင်းနဲ့ငါ date တဲ့ ရုံရှင်ရုံထိ ရောက်လာကတည်းက ငါမေးချင်နေတာ
မင်းကိုတော့ယုံလို့ မင်းကိုတော့ ယုံနေလို့ကွ "

"ဂျောင် !!"

မင်းတွေ ငါတွေပါ သုံးလာကာ သူ့ခန္ဓာကိုယ်လေးအား လက်နှစ်ဖက်ဖြင့် ဆွဲရမ်းလိုက်သော ဂျောင်သည် ဒေါသမီးဟုန်းဟုန်းတောက်နေခဲ့သည်

"ငါ့ကို လက်လာပါမနေနဲ့
ငါဘာကိစ္စ အဲ့ကောင်နဲ့ ပတ်သတ်ရပါ့မလဲ ဂျောင်ရယ် ငါမင်းကိုဘဲ ရူးတဲ့ကောင်ပါ
မင်းဘာလို့ မယုံနေရတာလဲ "

"ချစ်လို့ ဒီကကောင်ကြီးက မင်းကိုချစ်လွန်းလို့ အဲ့လိုတွေ ဖြစ်နေတာ
လှောင်မလို့လား ဟမ် ကျွန်တော်ဒီလိုတွေ ဂနာမငြိမ်ဖြစ်နေတာ လှောင်ချင်နေတာလား
ဂျွန်ဂျီမင်း "

MapleWhere stories live. Discover now