Extra

2K 133 5
                                    

Uni

"အီးဟီး ... ပါပါးရေ .. ပါပါး "

ဂျီမင်းတစ်ယောက် ကလေးတွေအား စာရှင်းပြနေစဉ် အိမ်ကြီး၏ လသာဆောင်ဘက်မှ ထွက်ပေါ်လာသော သားအသံကြောင့် သက်ပြင်းခပ်ယဲ့ယဲ့ချလိုက်မိသည်

ကိစ္စအချို့ဖြစ်ပျက်ပြီးနောက်သူရယ်ဂျောင်ရယ် ဒီအိမ်ကြီးဆီသို့ပြောင်းရွေ့ကာ နေထိုင်ဖြစ်ခဲ့ကျသည်
သဘောကျသော ဂျောင့်လက်ဆောင် maple ပင်လှလှလေးတွေရှိသော ဒီနေရာမှာ သူတို့အခြေချဖြစ်ကျသည်
ဂျောင်သည် သူ့လုပ်ငန်းတွေအား အိမ်၌သာ များသောအားဖြင့် ယူဆောင်လုပ်သည်
ဘယ်လောက်ပြောပြော ပြောမရ သူ့အနားသာ ကော်လိုလိုက်ကပ်နေသောသူ 
အရေးကြီးသော အစည်းအဝေးပွဲများသာ သူသွားရောက်တတ်သည်

ဂျီမင်းသည် စာသင်သောအလုပ်အား ပြန်လုပ်ချင်သော်လည်း ဂျောင်က လက်မခံ
ထို့ကြောင့် သူ ဂျောင်နဲ့အတိုက်အခံလုပ်ကာ
စိတ်တွေကောက်ပစ်မှ

"ဆရာ သင်ချင်တယ်ဆို
အိမ်မှာဘဲ guide တန်း ခေါ်သင်ပါ
အပြင်တွေမှာ ကျွန်တော်စိတ်မချဘူး "ဟု လေသံလေးသွေးကာ  ချော့မော့ ပြောဆိုခဲ့သူသည် မျက်လုံးဝိုင်းကြီးတွေဖြင့်  သူ့ကို လက်ခံဖို့ တွန်းအားပေးခဲ့သည်

ဂျီမင်းလည်း ‌အိမ်မှာဘဲ ထိုင်မနေလိုတာကြောင့် ဂျောင့်ပြောသလို မိမိအိမ်၌သာ မနက်ခင်း တစ်ချိန် ကလေးတွေအား guide ပြ ပေးသည်

ကိုကို့ကျောင်းသားတွေဖြစ်တာကြောင့် ကလေးတွေက သူ့အား တစ်ရင်းတစ်နှီးပိုဆက်ဆံ အားကိုးကျသော်လည်း တစ်ခါတစ်ခါ သူတို့ guide ပြရာ အဆောင်အကွယ်တွင် ချောင်းချောင်းကြည့်တတ်သော သားအဖနှစ်ယောက်ကြောင့်  ထိုကလေးတွေက အလိုက်တသိ ပြုမှုနေထိုင်ပေးတတ်သည်
မြင်လား .. ဂျောင်ဘယ်လောက် ကလေးဆန်သလဲ

ဟုတ်ပါတယ် ... ဂျောင်နဲ့သူ့မှာ 2နှစ်အရွယ် သားလေးတစ်ယောက် ရှိသည်
သားကို လွန်ခဲ့တဲ့ 2နှစ်က သူတို့ ရခဲ့တာဖြစ်ပြီး သားက သူတို့ရဲ့သွေးသားရင်းချာ တစ်ယောက်ဖြစ်သည်

သားက သူ့ဒယ်ဒီလို မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းပါးပါးလေးတွေဖြင့်
စကားပြောတာတွေကော အပြုအမူတွေပါ သူ့ဒယ်ဒီနဲ့သွားတူသည်
ဂျီမင်းနှင့်တူတာဆိုလို့ လက်ကလေးတွေ
ပါးဖောင်းဖောင်းကလေးတွေ အရပ်ကလေးတွေသာ ရှိပါသည်

MapleWhere stories live. Discover now