Pt.29

2.9K 245 20
                                    

ဆောင်းရာသီရဲ့ အစဦးပိုင်းလေးမှာ ဂျောင်သူအပေါ် နဲနဲအငြိုးပြယ်ခဲ့တယ်ထင်ပါရဲ့
အနွေးထည် ထူထူလေးအား ချော့မြူဝတ်ဆင်ပေးကာ ကျွန်တော့်အလိုလိုက်ပေးခဲ့သော ဂျောင်သည် ဆောင်းရာသီအစပိုင်းရဲ့ အေးမျှမှု့လေးတွေကြား ခပ်ပြုံးပြုံးလေးရယ်

ကျွန်တော်နဲ့ဂျောင်‌ေဆာင်းရာသီနှင့် ဓါတ်တည့်သည်ဟု ရူးကြောင်ကြောင်တွေးမိသေးကာ ကျွန်တော်လည်းပြုံးစိစိ

"ဘန်း ရှေ့မှာတော့ မထိုင်ရဘူးနော်
သားပါးပါး ကြပ်နေမှာစိုးလို့ နောက်ခုံမှာ ငြိမ်ငြိမ်လိုက်ရမယ်နော် "

ဘန်းသည် လက်ညိုးတစ်ထိုးထိုးဖြင့် ပြောနေသော ဒယ်ဒီအား ကြည့်ကာ အမြှီးလေးတစ်နှံ့နှံ့
ဘန်းအတွက်က ပါးပါးနားနေရရင် ပြီးရော ဘယ်နေရာက လိုက်ရလိုက်ရ

ဂျောင်သည် ဘန်းအား တံခါးဖွင့်ပေးကာ ကားနောက်ခန်းတွင်ထိုင်စေသည်
ထို့နောက် ရှေ့မှ ဘန်းပါးပါးသေးသေးလေးစီ ပြန်လာကာ ကားတံခါးဖွင့်ပေးကာ ဝင်စေပြန်သည်

ဂျောင့်ဘဝ CEOကြီးမှ ကား ဒါရိုက်ဘာ ဘဝသို့ နေ့ချင်းညချင်းရောက်သွားသလိုလို
ကိုယ့်အဖြစ်ကို တွေးကာ ရီမိပြန်တော့ ဆရာ့မျက်လုံးတွေနဲ့အကြည့်စုံမိတာကြောင့် အလျင်အမြန် ပြန်တည်ရသည်

ဟူး....ဂျွန်ဂျောင်ကုရေ
မင်းပြုံးဖြီးမနေနဲ့ စိတ်ထိန်းစမ်း !

ဂျောင်ကုခပ်တည်တည်ဖြင့်ကားထဲဝင်ထိုင်ကာ ဘေးနဲ့နောက်ကိုတစ်ချက်ကြည့်တော့ နှစ်ယောက်သား တစကမ္ဘာသီးသန့်ရောက်နေသလို ဆရာလေးသည် ဘန်းအားပွတ်ပေးကာ စကားတွေဟာ တစ်တွတ်တွတ်

ထို့နောက်ဂျောင်ကုလည်း ခေါင်းလေးသာ ခါလိုက်ကာ  သူ့ဘဝဟာ တကယ်ဒါရိုက်ဘာ လုံးလုံးဖြစ်နေပါ့လားဟု တစ်ချက်တွေးပြီး ကားလေးသည် မေမေတို့အိမ်သို့ မောင်းနှင်လျှက် .....

"ဘန်း ပျော်လား
ပါးပါးနဲ့ခုလို အပြင်ထွက်ရတာ "

ဂျီမင်းအမေးအား ဘန်းသည် နှာခေါင်းလေးတစ်ရှုံ့ရှုံ့ဖြင့် လုပ်ကာဖြေသည်
ဂျီမင်းသည် ဘန်းအား နမ်းမည်ဟန်အပြု
ဘန်း နှာခေါင်းလေးနား ခေါင်းလေးတိုးအသွား ထိခါနီးဆဲဆဲတွင် ဘန်းနဲ့ ပါးပါးသေးသေးလေး နှုတ်ခမ်းကြား ဝင်ရောက်လာသော တက်တူးတွေဖြင့်လက်တစ်စုံ

MapleWhere stories live. Discover now