Loop 11 (အထိအတွေ့)

1.5K 107 17
                                    

"Nong Aim'

အရေးပေါ်ခန်းအတွင်း လူနာတစ်ဦးအား မျက်စိစမ်းသပ်ပေးနေတဲ့ Aim ကို လှမ်းတွေ့တော့ Tihn ဝမ်းသာအားရ အနားသို့ ကပ်သွားလိုက်သည် ..
လူနာက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆ ကျောက်ခဲပုံထဲ မျက်နှာနဲ့အပ်ကာ ချော်လဲလာသူဖြစ်သည်။ မျက်လုံးတစ်ဝိုက်တွင် သွေးအနည်းငယ်ဆို့နေပြီး ကြီးကြီးမားမား ထိခိုက်ထားသည်တော့မရှိပါ ... 

"Nong Aim ... Phi ကိုလည်း မျက်လုံး နည်းနည်း စမ်းသပ်ပေးပါလား .."

Aimက Tihnရဲ့ အသံကြောင့် အာရုံပျက်သွားပုံရပြီး မျက်နှာလေး ဆူပုပ်ကာ လှည့်ကြည့်လာသည် .. 

"မျက်လုံးက ဘာများ ဖြစ်လို့တုန်း ... Dr. Tihn"

"ဘာဖြစ်သလဲတော့ Phi မပြောတတ်ဘူးရယ် ..
လောလောဆယ် .. ဘယ်နားကြည့်ကြည့် ပန်းရောင်တွေပဲ မြင်နေရလို့လေ .."

စောစောက အာရုံပျက်သွားရုံသာ ဖြစ်သော Aimမှာ  သူ့ကို Tihn အပြောင်အပျက် လုပ်နေတာမှန်း သိသွားတော့ စိတ်ပေါက်သွားပြီး ခါးထောက်၍ နှုတ်ခမ်းကို တွန့်လိမ်လိုက်ကာ .. 

"Phi ဖြစ်နေတဲ့ ပြဿနာက မျက်လုံးမှာ မဟုတ်ဘူး .. ဦးနှောက်မှာ ...
ဘာဖြစ်နေတာလဲ ဆိုတော့ ဦးနှောက်တစ်ကန့်လွတ်နေတာလေ ..
သွားတော့ .. လူတိုင်းက Phi လို လူနာကို လွယ်လွယ်လေး ကုနိုင်လောက်အောင် တော်နေတာမဟုတ်ဘူး"

Aimကသာ ဒေါသတွေနဲ့ ပြောပေမယ့် Tihnကတော့ တခစ်ခစ်နဲ့ အူမြူးမပျက်ပေ ..

"Nong Aim ချစ်သူရတုန်းကရော .. အဲ့လို ပန်းရောင်တွေ မမြင်ရဘူးလား".. 

"Aimတော့ မမြင်ဘူး .. Aimရဲ့ ကောင်လေးကတော့ Phi ပြောသလို မြင်တယ်တဲ့ ..
နောက်တော့ သူမြင်တဲ့ ပန်းရောင်တွေက ရင့်ပြီး အနီရောင်ပြောင်းသွားတယ် ..
Aim စိတ်တိုနေတုန်း မျက်ခွက်ကို ပိတ်ထိုးလိုက်လို့လေ".. 

ရုပ်လေးက ချစ်စရာကောင်းသလောက် အင်မတန် စိတ်ဆတ်သော Aimက အရေးပေါ်ဌာနမှာ Tihn စနောက်တာ အခံရဆုံး Junior ဖြစ်သည် ..
ထို့ကြောင့် အခုလောက် အခြေအနေဆို တကယ်လက်ပါတော့မယ်ဆိုတာလည်း Tihnက သိ၏

"Uyy ... အေးပါ . အေးပါ .. Phi သွားပြီနော် ..
အနီရောင်တွေတော့ မမြင်ချင်ဘူးလေ .. Phi က အသည်းငယ်တယ်".. 

TRIAGE (Myanmar Translation)Wo Geschichten leben. Entdecke jetzt