Loop 9 (D) (Unicode)

799 129 6
                                    


"Doctor.. Doctor" ..

တစုံတဦး၏ နူးညံ့စွာသော ခေါ်သံနှင့် ပုခုံးသို့ ခပ်ဖွဖွ လှုပ်နိုးမှုကြောင့် ကျနော် အိပ်နေရာမှ နိုးလာခဲ့သည် .. ပထမဆုံး အာရုံထဲဝင်လာသည်က ဆေးရုံရဲ့ ပိုးသတ်ဆေးနံ့နဲ့ နှလုံးခုန်နှုန်း တိုင်းတာစက်ရဲ့ ' တစ် တစ်' ဆိုသည့် အသံတိုးတိုး ...

ကျနော် ဖြေးဖြေးချင်း ကိုယ်ကို ဆန့်ထုတ်လိုက်တော့ .. ခါးက အတော်နာနေသည် .. ကျနော် ထိုင်လျက်ကြီးနဲ့ ကုတင်စွန်းပေါ် မျက်နှာအပ်ပြီး အိပ်မိနေတာပဲ .. ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့သူကို အခြေအနေ တစ်ချက် ကြည့်ပြီးတော့မှ ကျနော့်ကို လာနှိုးတဲ့ သူနာပြု ဆရာမကို ပြုံးပြလိုက်ရင်း ..

"ကျနော် အိပ်ပျော်သွားတာ .. ကြာပြီလား ဆရာမ .."

"မကြာပါဘူး ... Doctor .. ဆယ်မိနစ်လောက်ပေ့ါ .. ကျမတို့လည်း Doctor ကို နှိုးရကောင်း မနှိုးရကောင်းနဲ့ ချိန်နေကြတာ ..."

ဆရာမရဲ့ uniform အရောင်ကို ကြည့်မိတော့ သူက နှလုံးကုသဆောင် ဒါမှမဟုတ် အထူးကြပ်မတ်ဆောင်က သူနာပြု တစ်ဦး ဖြစ်မယ် လို့ ခန့်မှန်းမိသည် ..

'Doctor ... နားချင်ရင် ကျမတို့ Ward ထဲက တာဝန်ခံ နားနေခန်းမှာ တစ်နေရာ စီစဉ်ပေးလို့ရတယ်ရှင့် ... ဒီက တာဝန်ခံတွေကလည်း ..Duty ၀င်နေတဲ့သူရဲ့ နေရာကို ပေးလိုက်ပါတဲ့ ..."

"အာ ... ရပါတယ် ခင်ဗျာ .. ကျနော် ခဏနေ ER ဘက် ပြန်သွားရမှာပါ .."

လူနာရဲ့ လက်ကို မလွှတ်တမ်းကိုင်ထားတဲ့ ကျနော့်ကို ဆရာမက ဂရုဏာ မျက်ဝန်းကြည့်ရင်း သူ ပြောသာ ပြောရပင်မယ့် ကျနော် ငြင်းမယ်လို့ ကြိုသိနေပုံနဲ့ ပြုံးနေတော့ ကျနော် ရုတ်တရက် ရှက်ပြီး .. Tol ရဲ့ လက်လေးကို ဘေးချကာ မတ်တပ်ထရပ်လိုက်မိ၏

ပြီးမှ မလန်းဆန်းနိုင်ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး .. ECG တိုင်း ... Oxygen နဲ့ Blood Pressure ထပ်စစ်ပြီးမှ Tol နားက ထွက်လာခဲ့တယ် ..

ဖုန်းထုတ်ကြည့်လိုက်တော့ Time & Date က 19 March 3.50 AM တဲ့ ... Tol ဆုံးတဲ့ ညကို ကျော်လွန်ပြီး နောက်တစ်နေ့ မနက် လင်းတော့မှာပါလား ..

ကျနော် CCU ထဲကနေ ER ဘက်သွားဖို့ ... ကော်ရီဒါကို ဖြတ်ပြီး ဓာတ်လှေကားစောင့်နေတုန်း အနီးရှိ သူနာပြု နားနေခန်းကနေ ပျံ့လွင့်လာသည့် စကားအချို့က ...

TRIAGE (Myanmar Translation)Where stories live. Discover now