Loop 10 (လက်တစ်ကမ်းမှာ)

813 60 8
                                    

တစ်ရက်တော့ ပုပ်သွားပြန်ပြီ ..

Tolနဲ့ကျနော်ကတော့ လှမ်းသော်လည်း မနီးသေးနိုင်သေး ... အိပ်ရေးပျက်ချက်ကလည်း လူပါ လဲကျမတတ် ဖြစ်လို့နေပြီ ... မှတ်မိသလောက်တော့ ဒီ စက်ကွင်း စကတည်းက ကျနော် မအိပ်ဖြစ်သေး ...ညဆိုင်းတွေ ဆက်တိုက် ဆင်းပြီး .. အိပ်ရမယ့် နေ့လည် အချိန်ကို Tol ဆီ သွားနေခဲ့တယ် .. ညဆိုင်း နားချိန်ဆိုလည်း သူ့ကို ချဉ်းကပ်ဖို့ပဲ အကြံထုတ်နေမိတော့တာ ...

မနက် ၇ နာရီ ဆိုတော့ ဒီတစ်ဆိုင်းနားရဖို့ တစ်နာရီလို နေသေးတယ် ...လူနာ နည်းနည်းပါးလို့ သူနာပြု ကောင်တာနားမှာ ခဏလေး ထိုင်မိတယ် ဆိုရင်ပဲ ကျနော့် အသိစိတ်လေးက စက်ခဏသတ်ပြီး ခန္ဓာကိုယ်ကနေ ထွက်ခွာတော့မယ့် ဆဲဆဲ ..

"ဘာထူးလဲ ... Doctor .. "
သူနာပြုကောင်တာ နောက်ဘက်က ဝင်လာတဲ့ P'Toy ရဲ့ အသံကြောင့် လန့်သွားပြီး .. Tihn မော့ကြည့်လိုက်ကာ ...

"မသိဘူး P' ရယ် ... ကျနော် တအား ပင်ပန်းနေတာပဲ သိတယ် "
.... အိပ်ချင်မူးတူးနဲ့ ချွဲလိုက်တာ ဘယ်လို အသံကြီး ထွက်သွားလဲတော့ မပြောတတ် .... ဘေးနားမှာ ထိုင်နေတဲ့ သူနာပြု အငယ်တစ်ယောက်က တခစ်ခစ်နဲ့ ထရယ်လေသည် ..

"ဟို ကောင်လေးနဲ့ Nong သွားတွေ့ပြီးပြီလား"
.. ကျနော့်ဘေးကို ခုံတစ်ခုံ ဆွဲယူကာ ဝင်ထိုင်လိုက်တဲ့ P'Toy ရဲ့မျက်ဝန်းတွေဆီမှာ ..စိတ်ဝင်စားမှုနဲ့ အားထက်သန်မှုတွေ အပြည့် ...

ကျနော်လည်း ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးမှ .. P'Toy ပဲ ကြားလောက်တဲ့ လေသံနဲ့ ...
"အွန်း ..တွေ့ပြီးပြီ ..."

"ဘယ်လိုနေလဲ"...

"သူက ... သူက ... သူက ကောင်မလေးတစ်ယောက်နဲ့ စကားတွေပြောနေတယ်"

... ကျနော် စိတ်ပျက်စွာနဲ့ ကောင်တာပေါ်ကို ပြန်မှောက်အိပ်လိုက်ပြီးမှ P'Toy ကို မြင်ရရုံလေး မျက်နှာလှည့်တာ ...

"သူက .. ကောင်လေးလေ .. အဲ့တော့ .. ကောင်မလေးတွေနဲ့ပဲ စိတ်ပါလက်ပါ ပြောတာပေါ့ .. ကျနော် ဘယ်တတ်နိုင်ပါ့မလဲဗျာ"

P'Toyက ညီငယ်တစ်ယောက်ကို ချော့သလို ကျနော့်ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီးမှ ..

TRIAGE (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon