မွန်းလိုက်တာ..နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်းကနေ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရှုသွင်းဖို့ ခက်လာလို့ ဆက်အိပ်ဖို့ မဖြစ်နိုင်တော့တဲ့ မွန်းကြပ်မှုမျိုးနဲ့ ကျနော်လန့်နိုးလာခဲ့တယ်
ကျနော့် ရင်ဘတ်ပေါ်မှာ တစုံတခု တက်ဖိထားတာကြောင့် ထိုအရာကို ကျနော် တွန်းချဖို့ ကြိုးစားခိုက် နူးညံ့တဲ့ အမွှေးပွပွတွေကို ကိုင်မိပြီး တွန်းချခံရမှာကို မလိုလားလို့ ကျနော့်အား အချက်ပေး ပုန်ကန်လိုက်တဲ့ အသံသေးသေးတစ်ခု ထွက်လာတော့မှ ...
"Oi, Sibra ရေ ..."
ကျောဘက်က ကြည့်ရင် ဖြူဖြူ အလုံးကြီး တစ်ခုအနေနဲ့သာ မြင်နေရတဲ့ ကျနော့်ရဲ့ ပါရှန်းကြောင်ကြီးဟာ ကျနော် နိုးလာပြီဆိုတာ သိသွားတော့ ကျနော့် ရင်ဘတ်ပေါ် ခွေအိပ်နေရမှ ကျေနပ်စွာ ခေါင်းငဲ့ကြည့်လာ၏
"ညောင်.."
အလိုက်သိတဲ့ Sibra ဟာ သူ ဆက်အိပ်နေရင် ကျနော် မသက်မသာဖြစ်နေတော့မှာ သိသည့်အလား ကျနော့် ရင်ဘတ်ပေါ် တစ်ချက်နှစ်ချက် လူးလွန့်ဆော့ကစားပြီးနောက် ကုတင်အောက်သို့ ပြေးဆင်းသွားလေသည်
ဒီလိုဆို Condo က အိပ်ခန်းထဲမှာ ကျနော်ပြန်ရောက်နေပြီပဲ
ဖရိုဖရဲဖြစ်နေတဲ့ အိမ် အသုံးအဆောင်တွေရယ်... တောင်လို မောက်နေတဲ့ အခန်းထောင့်က လျှော်စရာ အဝတ်ပုံကြီးရယ် ရှိနေတဲ့ နေရာလေး...
သာမန် လူပျိုလူလွတ် တစ်ဦး နေတဲ့ အခန်းဆိုတာထက် ဘာမှ ပိုထူးခြား မနေတဲ့ အခန်းလေးဟာ ER doctor ဘဝကို ရင်ဆိုင်ဖို့ ဆေးရုံနဲ့ နီးနီးနားနားမှာ ကျနော် ငှားထားခြင်းဖြစ်သည်
အိပ်မှုန်စုန်မွှား အခြေအနေကနေ လွန်မြောက်တော့ တစ်နေ့တာ လုပ်ငန်းစဉ်တွေ စဖို့ ငုတ်တုတ်ထထိုင်ပြီး ကျနော့်ရဲ့ ခြုံစောင်ကို ခေါက်လိုက်တဲ့အထိ အတွေးထဲမှာ ဆေးရုံသွားဖို့ပဲ စိတ်ရောက်နေခဲ့၏....
မသိစိတ်ထဲမှာတော့ တစ်ခုခု ဟာကျန်နေခဲ့ သလိုလို ...
ဒီနေ့မှာ လုပ်စရာ အရေးတကြီးပဲ ရှိနေသလိုလို..ငါ မေ့နေတာ တစ်ခုခု ရှိမယ် .... ဘာပါလိမ့် ... ငါ လုပ်စရာရှိတာ ကျိန်းသေတယ်
YOU ARE READING
TRIAGE (Myanmar Translation)
Mystery / ThrillerSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...