"Nong ... Nong .."
ပုခုံးကို ကိုင်လှုပ်ကာ နှိုးလာသောကြောင့် ခွဲစိတ်ခန်း ရှေ့က ခုံတန်းပေါ်မှာ မှေးခနဲ ငိုက်သွားရာမှ ကျနော် နိုးလာသည် ..
အသိ၀င်လာတာတဲ့ P'Tihn အကြောင်း ခေါင်းထဲ ရောက်လာကာ ..Tol ချက်ချင်းထထိုင်လိုက်သည် ...
လာနှိုးတဲ့သူကို ကြည့်လိုက်တော့ Dr.Gap ဖြစ်နေ၏"Doctor .."
သတင်းကောင်းကြားရလေမလားလို့ ကျနော် မျှော်လင့်တကြီး မော့ကြည့်လိုက်တော့ Dr. Gap က ဘာမှ မပြောဘဲ လက်ထဲကို စာရွက်လေး တစ်ရွက် ထည့်ပေးလာသည် ...
ကျနော် ဖတ်ကြည့်လိုက်တော့ P'Tihn နာမည်နဲ့ သေစာရင်းစာရွက်လေး ဖြစ်နေ၏ .."P'Tihn .. မနက် ၃နာရီခွဲမှာ ဆုံးသွားပြီ Nong ..."
Tol ဆီမှာ ငိုစရာ မျက်ရည်မကျန်တော့ .. အသိစိတ်တစ်ခုလုံး ထုံကျင်ကာနေသည် ..
"P'Tihn က ဒီက တာဝန်ခံ ဆိုတော့ ဆေးရုံကပဲ အစစအရာရာ အကောင်းဆုံး စီစဉ်ပေးပြီးပါပြီ ....
Nong က P'Tihn အတွက် အရေးကြီးတဲ့သူဆိုတာ ဒီတလောမှာ Phi တို့တွေ သိထားတယ် ..
ဒါကြောင့် Nong ကိုတော့ မထူးတော့တဲ့ သတင်းဆိုးကြီးပဲ ပြောရမယ့် အတူ အိပ်ပါစေတော့လို့ P'တို့ ထားလိုက်တာ...""ကျနော် P'Tihn ကို တွေ့ချင်တယ်...."
ပြောမယ့်သာပြောလိုက်ပေမယ့် လောလောဆယ် မဖြစ်နိုင်မှန်း Tol သိထားသည် ..."Dead Body က မိသားစု အရင်းတွေပဲ လာကြည့်ခွင့် ရှိပါတယ် Nong ..
သူ့မိသားစု လာတဲ့အခါ Nong တစ်ခါတည်း လိုက်လာခဲ့ပါ ..
အခုတော့ ဟိုက Khun နှစ်ယောက်ကို Nong စကားပြောလိုက်ပါဦး""Nong က Tol Aekarin လား ခင်ဗျာ.. Dr.Tihn သေဆုံးမှုအတွက် P'တို့ တာဝန်အရ စစ်ဆေးတာကို ပူးပေါင်းပေးစေချင်ပါတယ် .."
အရပ်ဝတ်နဲ့ ရဲအရာရှိ နှစ်ဦး ရောက်လာတော့ ဖြစ်ကြောင်းကုန်စင် ပြောပြကာ P'Tihn ရဲ့ ဖုန်းထဲက video ကိုပါ သက်သေခံအနေနဲ့ ပေးအပ်ခဲ့လိုက်သည် ..
အပြင်ဘက်တွင် မနက်လင်းကာစ ပြုနေလေပြီ ..
ခွဲစိတ်ဆောင် စင်္ကြန်လမ်းက နာရီက မနက် ၅နာရီ လို့ ပြနေ၏ ..
ဆေးရုံဆောင် အပြင်ဘက် မြက်ခင်းကို Tol ခြေချမိချိန်မှာ နေ့သစ်က ကျေးငှက်သံတို့ဖြင့် သာယာဝေစီနေသည် ..
ကောင်းကင်က ပြာလွင်နေသလောက် Tol ကမ္ဘာမှာ အမှောင်သက်သက်သာ..
ESTÁS LEYENDO
TRIAGE (Myanmar Translation)
Misterio / SuspensoSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...