နံနက်ခင်းက သာမန်နေ့များထက် ကြည်လင်ဝင်းပနေ၏
ပုံမှန်ဆို ညနက်မှ အိပ်ရာဝင်တတ်တဲ့ Tol ဟာ မနက်တိုင်း အိပ်မှုန်စုံမွှားနဲ့ လူးလဲထရသည်ချည်း ဖြစ်ပေမယ့် ဒီမနက်မှာတော့ ထူးဆန်းစွာ လန်းဆန်းနေသလိုပင်..
ရက်များစွာ အိပ်မောကျကာ လောကနှင့် အတန်ကြာ အဆက်သွယ် ပြတ်ပြီးမှ သတိပြန်ဝင်လာသူလို အတွေးအားလုံးက ဗလာသက်သက်..မနက်တိုင်း လုပ်နေကျ အကျင့်အတိုင်း ခြံဝင်းတစ်ခုလုံးကို စီးပြီး မြင်နေရတဲ့ ဝရန်တာဆီ အရင်ဆုံးထွက်ကာ လေညှင်းခံလိုက်သည်
မနေ့က အိပ်ရာမဝင်ခင် ဘာတွေဖြစ်ခဲ့လဲ မမှတ်မိ ..
ဒီနေ့ ဘာနေ့ဆိုတာလည်း ရုတ်တရက် စဉ်းစားမရ.. ..
ကျောင်းဖွင့်ရက်လား .. အတန်းတက်ရမှာလား...ကျောင်းမှာ ဘယ်ဘာသာတွေ lecture ချိန်ရှိမလဲအညောင်းဆန့်ပြီးလို့ အခန်းထဲ ပြန်ဝင်လိုက်တော့ .. သူငယ်ချင်းဖြစ်သူ Mai ရဲ့ ကိစ္စက ခေါင်းထဲ ရောက်လာခဲ့သည် ...
သူမရဲ့ ရည်းစားဟောင်း အကြောင်း ဘယ်လိုမေးမေး ရေငုံနှုတ်ပိတ်ကာ ကျနော့်ကို ပြဿနာထဲ ဆွဲမထည့်ချင်ဘူးလို့သာ တွင်တွင်ပြောနေသော Mai အတွက် ရင်လေးကာ သက်ပြင်းရှည်တစ်ခု ချမိလိုက်၏......သူ ကြောက်မယ်ဆိုလဲ ကြောက်ချင်စရာပါလေ .. Heart ဆိုတဲ့ ကောင်ကလည်း အသက်သာကြီးပြီး အချိန်စီးပုံမရ ...
ဓားတရမ်းရမ်းနဲ့ လူသတ်ဖို့လည်း ဝန်မှမလေးတာ ..."ဟင် .. နေပါဦး ... Heart ... Heart" ..
Mai ရဲ့ ချစ်သူဟောင်း နာမည်က Heart ..
ပြီးတော့ .. Heartက လူသတ်လိုက်တယ်လို့ ကျနော် ဘာကြောင့် သိနေရတာလဲ ...
ဝင်လာသော အသိနှင့်အတူ .. အသက်ရှုဖို့ကိုပင် Tol မေ့လျော့ကာ နေရာမှာပင် တောင့်တောင့်လေး ရပ်နေမိသည် .. ဒီမနက်ဟာ ရောက်လာနေကျ သာမန် မနက်ခင်း တစ်ခု လုံး၀မဟုတ် ..
မနေ့က Tol ပင်လယ်မှ ပြန်ရောက်လာခဲ့သည် ... ဒီနေ့ဟာ Tol အတွက် အနာဂတ် မဟုတ်စေချင်သော နေ့သစ်တစ်ခုပင်..
Tol သည် သူ၏ ဒုတိယအကြိမ် ကြိုးစားမှုဖြစ်စဉ်တို့ကို တရိပ်ရိပ် ပြန်မြင်လာသည်နှင့်အတူ ကြိုးစားမှုတို့ အရာမထင်ဘဲ မှားယွင်းချွတ်ချော်သွားမှာကို စိုးကြောက်စွာဖြင့် နေရာမှာပင် အတောင့်သားလေး ရပ်နေမိသည် ...
CZYTASZ
TRIAGE (Myanmar Translation)
Tajemnica / ThrillerSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...