Loop 10 (အိပ်မက်)Unicode

945 110 5
                                    


Tol ရဲ့  ယုံကြည်မှုကို ရဖို့အတွက် ကျနော့်ရဲ့ သော့ချက်က ဘာများဖြစ်နိုင်မလဲ ...

နောက်ဆုံး ကြုံခဲ့ရတဲ့ အခြေအနေကို ပြန်သုံးသပ်ကြည့်တော့ .. သူ့ သူငယ်ချင်း Nong Art ကို သူ့မျက်စိရှေ့တင် ကယ်တင်ပေးနိုင်လိုက်ခြင်းကြောင့်သာ ... ကျနော့် ဆိုစကား တစ်စွန်းတစ်စကို သူ နားလည် လက်ခံပေးခဲ့တာ ဖြစ်သည် ...

ဒါဆိုရင် Nong Art လည်ချောင်းမှာ သကြားလုံး နင်တဲ့ နေ့အထိ ကျနော်စောင့်သင့်သလား ....

ဘယ်လိုမှ မဖြစ်နိုင်ပါ ... အဲဒီအချိန်ဟာ Tol သေဆုံးမယ့် ရက်နဲ့ သိပ်နီးကပ်လွန်းနေပြီ ...Tol အသက်ကို ဘေးကင်းစေဖို့အထိ ဖြစ်ရပ်တွေကို ကျနော် ၀င်ထိန်းချုပ်ရန် မလုံလောက်သောကြောင့် ဒီတစ်ခါ တစ်ပတ်စောပြီး အချိန်စက်ကွင်းပြန်လှည့်နိုင်အောင်  အားထုတ်ခဲ့ရတာ ဖြစ်သည် ..

ကျနော် ဘယ်နည်းနဲ့ကြိုးစားလို့ ရနိုင်ဦးမလဲ ..

ဒီထက် ပိုရင်းနှီးလာနိုင်မယ့် အခွင့်အရေးကို အချိန်ကုန်ခံ စောင့်နေရမလား .... ဒါမှမဟုတ် Tol ကို ဘွင်းဘွင်းပဲ အားလုံး ရှင်းပြကာ ချစ်ခွင့်ပန်လိုက်ပြီး .. ကံကို လောင်းကြေးထပ်ကြည့်သင့်သလား

ဖြစ်နိုင်ချေ ရှိတဲ့ ရလဒ်ကတော့ ၂မျိုးတည်းပဲ ...

Tol ကျနော့်ကို နားလည်ပြီး အခွင့်အရေး ပေးလိုက်မှာရယ် ...

Tol လန့်ပြီး ကျနော် သူ့နားကို ဘယ်တော့မှ ထပ်ကပ်လို့ မရတော့တာ သေချာအောင် လုပ်လိုက်မှာရယ်

ပိုပြီး ဖြစ်နိုင်တာကတော့ ဒုတိယ တစ်ခုပဲ ..

လောလောဆယ်တော့ Tol ဆိုတဲ့ ပြဿနာကို ခဏခေါက်ထားပြီး ကျနော့် မျက်နှာတည့်တည့်ကို ၀င်လာနေတဲ့ ပြဿနာကို အရင် ငြှိမ်းနိုင်အောင် လုပ်ဦးမှပါ ...

"ကျုပ် စောင့်နေရတာ ၂နာရီလောက် ရှိတော့မယ် .. ဆရာဝန်ဆိုတဲ့ ဟာတွေ ဘယ်နားပျောက်နေကြလဲ" ..

လူနာ တစ်ဦးကို အသက်ရှုပိုက် ထည့်ပေးဖို့ လုပ်နေတဲ့ ကျနော် အပါအဝင် ER ထဲက ဆရာဝန် သူနာပြု အားလုံး အသံလာရာဆီသို့ အကြည့်တွေ ရောက်သွားကြသည် ..

TRIAGE (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang