အဖြစ်အပျက်တွေက သိပ်ကို မြန်လွန်းတယ် .. သိပ်ကို လှည့်စားလွန်းတယ် ..
ကျနော့် ခံနိုင်ရည်အား .... ကျနော့် စီမံပိုင်ခွင့်ထဲကနေ သိပ်ကို ဘောင်ကျော်သွားခဲ့သည် ..
P'Tihn ရင်ဘတ်ထဲကို ဓားမြှောင် စိုက်သွားတဲ့ တစ်ပြိုင်တည်းမှာ ကျနော့် နှလုံးသားသည်လည်း ရင်ဘတ်မှ ဆွဲနှုတ်ယူခြင်း ခံလိုက်ရသလို ဗလာဟင်းလင်း ..
"Phi!!..."
အော်သံက ကျနော့် လည်ချောင်းတလျှောက် အက်ကွဲစွာ ထွက်ပေါ်လာသည် ..
စောစောကလေးတင် ကျနော်တို့ အတွက် မားမားမတ်မတ် ကာကွယ်နေတဲ့ Phi ဟာ အခုတော့ အရုပ်ကြိုးပျက် လဲကျသွားလေပြီ ... Tol ကိုယ့်ကိုယ်ကိုပင် မသိလိုက်ဘဲ မြေကြီးနဲ့ Phi ရဲ့ခန္ဓာကိုယ် မိတ်ဆက်မသွားခင် ပြေးပွေ့ပြီးသား ဖြစ်လို့နေ၏.."Phi ... P'Tihn ..."
ကျနော့် ခေါ်သံကို Phi များ တုံ့ပြန်လေမလားလို့ Phiရဲ့ ကိုယ်ကို လှုပ်ခါပြီး တရစပ် ခေါ်နေမိသည်....
ဘာမှ တုံ့ပြန်မှုမရ....
တစ်သက်နဲ့တစ်ကိုယ် ကြုံဆုံဖူးသမျှ အကြည့်တွေထဲမှာ အနွေးထွေးဆုံး အကြည့်ကိုပေးတတ်တဲ့ မျက်ဝန်းတွေဟာ ပွင့်နေပေမယ့် ကျနော့်ကို မြင်ပုံမရတော့ .."Ai'Heart! .. သေချင်းဆိုးနဲ့ သေမယ့်ကောင် .. နင်ဒီလောက်တောင် လုပ်ရလား ..
ဒီတစ်ခါ နင့်ကို ငါကိုယ်တိုင် ထောင်ထဲ ရအောင် ထည့်မယ် .."Mai က ယူကြုံးမရစွာဖြင့် ကွင်းပြင်ကို ထွက်ပြေးသွားသော Heart နောက်ကို ပြေးလိုက်နေသည် ..
ပြီးမှ သတိပြန်ဝင်ကာ ကျနော်တို့ဆီ ပြန်လှည့်လာ၏ကျနော့် ရင်ခွင်ထဲမှ P'Thih ရဲ့ အသက်ရှုသံတွေက ပိုမြန်ပြီး တိမ်လာသည် ..
ရင်ဘတ်မှ ဒဏ်ရာက သွေးအကွက်ကြီးမှာ အကျီတစ်ခုလုံး ရွှဲစိုနေလေပြီ ..
P'Thih မျက်နှာကို တစ်လှည့် .. စိုက်နေသော ဓားကို တစ်လှည့်ကြည့်ကာ ကျနော် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာ၏.."ဘာလုပ်ရမလဲ ... ငါ ဘာဆက်လုပ်ရမလဲ .."
"လူနာတင်ကား ခေါ်လိုက်မယ် Tol .."
Mai ကတော့ ဖုန်းထုတ်ကာ ဆေးရုံကို ဆက်သွယ်နေပြီ ..
ဒါပေမဲ့ လူနာတင်ယာဉ် မလာခင် တစ်ခုခုတော့ ကြိုလုပ်ပေးထားလို့ရတာ ရှိကို ရှိရမယ် .. တော်တော်ကြာ .. လူနာတင်ကား မလာခင်များ ...
VOCÊ ESTÁ LENDO
TRIAGE (Myanmar Translation)
Mistério / SuspenseSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...