Mai ကို သူ့ဖခင် လာခေါ်တဲ့ အထိ စောင့်ပေးပြီးတဲ့နောက် Tol ကို အဆောင်ဆီ ပြန်ပို့ဖို့ ကျနော်တို့ ကားမောင်းထွက်လာခဲ့ပါတယ် .. လမ်းတစ်လျှောက်မှာ Tol က အတွေးထဲ နစ်မြောနေပုံ ရပြီး ကျနော်ကတော့ ချစ်နေရသူ ပီပီ သူ့မျက်နှာလေး ငေးရင်း စိတ်ညစ်နေတာတွေ ရှိရင်လည်း ဘယ်လို ဖြေဖျောက်ပေးရမလဲပဲ စဉ်းစားနေမိတယ် ..
"ဘာအလိုမကျဘူးလဲ ... Nong Tol"
"ဘာမှ မဖြစ်ပါဘူး Phi ..."
"Tol နဲ့ Nong Mai ပြဿနာ တစ်ခုခု ဖြစ်နေကြတာလား .. Tol အခု အရမ်း စိတ်ပူနေတဲ့ပုံနဲ့ Phi တကယ် ဘာလုပ်ပေးရမလဲ မသိဘူး .."
"ကျနော်နဲ့ Mai က ငယ်သူငယ်ချင်းတွေ .. အခု Major မတူကြပေမယ့် အဆက်အသွယ်ပြတ်သွားတယ်လို့ မရှိဘူး နေ့တိုင်းလိုလို စကားပြောကြတယ် .."
Tol က ပြီးခဲ့သော အတိတ်နေ့ရက်တွေကို ပြန်တွေးမိသလို ခေတ္တ ငြိမ်သက်သွားကာ သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး ...
"Mai က ငယ်ငယ်တည်းက သူ့အနားမှာရှိတဲ့သူတွေကို စိတ်ပူစေတဲ့ မိန်းကလေးပဲ ...
အလွဲတွေ အမြဲ လုပ်မိတတ်သလို .. အရမ်းလှတဲ့ ရုပ်ရည်ကြောင့် ယောကျ်ားသားတွေရဲ့ ရန်ကိုလည်း ကြောက်ရပြန်ရော ..
အခုတစ်ခါလည်း သူ့ဘေးကနေ ဘယ်လို နေပါထိုင်ပါ အကြံပေးရုံကလွဲပြီး ဘာလုပ်ပေးသင့်လဲ တကယ် မသိတော့ပါဘူး .. Phi ရယ် ..""ဒါဆို သိပ်လှပြီး ပြောစရာမလိုအောင် အကျွမ်းဝင်နေတဲ့ အဲ့ဒီမိန်းကလေးကို Nong ဘာလို့ ကိုယ့်အပိုင် ဖြစ်အောင် မလုပ်သေးတာလဲ .."
Tol က ကျနော့်မေးခွန်းအတွက် အဖြေပေးဖို့ အလျင်အမြန် စဉ်းစားလိုက်ရဟန်နှင့် .. ကားပြတင်းမှ မြင်နေရတဲ့ မြင်ကွင်းတွေကို ရောက်တတ်ရာရာ လိုက်ကြည့်နေပြီးမှ ...
"ဘာလို့လဲ ဆိုတော့ ..... ဟို .... အချစ်ဆိုတာ ဘယ်လိုအရာမှန်း ကျနော် အခုထိ မသိသေးလို့ .."
ဟမ် ...
ကျနော် အံ့ဩစွာနဲ့ Nong Tol ကို ကြည့်လိုက်ချင်သော်လည်း ကားက ပြေးနေဆဲမို့ မီးပွိုင့် မီးနီ မိသွားတော့မှ ...."မင်း ရည်းစားထားဖူးတယ် မဟုတ်လား Nong Tol .."
မင်း ရည်းစားတွေ အများကြီး ထားဖူးနေတာပဲလေလို့ ပြောလိုက်ချင်ပေမယ့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေလို၍ စကားဆင်ခြင်ကာ မေးလိုက်သည် ..
ESTÁS LEYENDO
TRIAGE (Myanmar Translation)
Misterio / SuspensoSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...