Loop 4 (Unicode)

1K 104 2
                                    


"P'Tha."

ER ခန်း၏ ၀ရုန်းသုန်းကား အသံတွေ ကြားထဲမှာမှ ကလေးငယ်တစ်ဦးရဲ့ အသံစူးစူးလေးက တစ်ချက်တစ်ချက် တိုးဖောက်ထွက်လာသည်

"P'Tha !!!"

ထိုကလေးငယ်၏ ရှေ့တည့်တည့် လူနာကုတင်ပေါ်မှာ မိန်းမငယ်လေး တစ်ဦး လဲလျောင်းနေသည်
သူမရဲ့ မျက်နှာကတော့ ဖျော့တော့စွာ...

သူမ၏ မောင်ငယ် ဖြစ်ဟန်တူသော ထို ကလေးငယ်ဟာ အော်နေရင်းမှ လူနာကုတင်ပေါ် တက်ကာ သူမကို ပွေ့ထားဖို့ ကြိုးစားနေပြန်သည်

ကလေးငယ်သည် သူမကို ယခုပင် အိပ်နေရာမှ ထလာကာ သူ့အား ပုုံပြင်တွေ ပြောပြစေချင်နေ၏
သူမနှင့် တူတူ ကစားနည်းပေါင်း များစွာတို့အား ကစားချင်နေရှာ၏

သူ့အား သူမကိုယ်တိုင် အိမ်ခြံဝင်းအတွင်း ခေါ်ဆောင်ကာ ပြေးဆော့ကြမည့် အချိန်ကိုလည်းကောင်း ရေကူးကြဖို့ ခေါ်သွားပေးမည့် အချိန်ကိုလည်းကောင်း စောင့်မျှော်လျက်ရှိသည်

သူ နားမလည်နိုင်သည်က အစ်မဖြစ်သူဟာ ဘာအတွက်ကြောင့် အိပ်နေရာမှ ထမလာတော့သည်လည်း... သူ့အား စကားတွေ မပြောတော့သည်လည်းကို ဖြစ်၏

အော်နေရင်းမှ ငိုသံပါလာသော ကလေးငယ်အား သူ၏ ဖခင်မှ ကုတင်နှင့် ဝေးရာက်ို ခေါ်ဆောင်သွားခဲ့သည်

"P'Tha က နိုးလာတော့မှာ မဟုတ်ဘူး သား"

ဖခင်မှ ကလေးငယ်အား ပွေ့ဖက်နိုင်ရန် ဒူးထောက်ထိုင်ချလိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောလိုက်သည်

ဖခင်၏ အသံတွေက ဘာကြောင့် ကြားနေကျလို မဟုတ်ဘဲ ကွဲရှနေသလဲ ကောင်လေး မသိပါ

"P'Tha က ဘာလို့ မနိုးလာတော့မှာလဲ Porရဲ့"

ကလေးငယ်မှ ဖခင်စကားကို နားလည်အောင်ကြိုးစားနေပုံနှင့် ခေါင်းတခါခါ ပြန်ပြောလိုက်သည်

"ဘာလို့ဆို P'Thaကို ကောင်းကင်ဘုံက လက်ခံလိုက်ပြီမို့လေ သား"

ကလေးငယ်သည် သူ့အား ပွေ့ထားသော ဖခင်၏ ကိုယ်မှာ တသိမ့်သိမ့် လှုပ်ခါသွားသည်ကို ခံစားလိုက်ရသည်

TRIAGE (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang