Loop 6

1.4K 155 30
                                    


"P'Tihn ...P'Tihn ....
မနက် ၈နာရီ ထိုးခါနီးပြီ ... ထတော့လေ"

Pinရဲ့ နှိုးသံကြောင့် ကျနော် ဖျက်ခနဲ မျက်လုံးပွင့်သွားတာနဲ့ ရေရွတ်မိတာက ...

"Aekarin!"

"Aekarin က ဘာကြီးတုန်း P'Tihnရဲ့ ..."

နိုးနိုးချင်း နာမည်တစ်ခုကို ထရွတ်နေတဲ့ ကျနော့်ကို Pin က နားမလည်နိုင်စွာ ငဲ့ကြည့်နေပြီး..

"Pin ပါ ... P'Tihn ရဲ့ ... ဘယ်က Aekarin လဲ"

"နာမည်က Aekarin တဲ့ ... အသက်က ၂၃နှစ် ...
Business Administration ကျောင်းသား ..."

"Phi .... ဘာတွေပြော...??"

"ဘာမှ မဟုတ်ဘူး Pin ..
P' တခြားသူ တစ်ယောက် အကြောင်း ပြောနေတာ နင်သိမှာမဟုတ်ဘူး"

Nong Pin စိုးရိမ်နေမှာစိုးလို့ ခေါင်းအသာခါကာ ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောနဲ့ လက်ကာပြလိုက်ပြီး

"ဒီနေ့ ဘယ်နှစ်ရက်နေ့တုန်း Pin."

"၁၈ရက်နေ့ Phi ..
P ဆက်အိပ်မနေနဲ့တော့ .. Conference မှာ ရှင်းလင်းပွဲ သွားလုပ်ရဦးမယ်လေ ..
ညက Slide တွေ အပြီးလုပ်ဖြစ်ရဲ့လား"

Pin ပြောနေတဲ့ စကားတွေ အရတော့ ကျနော် ပြန်သွားချင်တဲ့ ကောင်လေး Accident မဖြစ်ခင် ၁၈ရက်နေ့ မနက်ကို ပြန်ရောက်နေတာ သေချာသွားပြီ

ဒီလိုမျိုး ဖြစ်ပြီးသား အခြေအနေတွေ ကုန်ပြီးသား အချိန်တွေကို ထပ်ခါထပ်ခါ ပြန်လာနေတာ အရမ်းစိတ်ပျက်ဖို့ ကောင်းနေပေမယ့်လည်း အခုတစ်ခါမှာတော့ ပြီးမြောက် အောင်မြင်အောင် လုပ်ဖို့ ကိစ္စလေး ရှိလာကြောင့် အဓိပ္ပာယ်ရှိလာသလို ကျနော် ခံစားရနေသည်

"ဟုတ်ပြီ Nong Pin ... ဒါဆို P' သွားဦးမယ်" ...

ကိုယ်ပေါ်က ခြုံစောင် အပါးလေးကို ဖယ်လိုက်ကာ ကုတင်မှ ထလိုက်ပြီးနောက် အရင် တစ်ခေါက်လိုပဲ Presentation လုပ်နေတုန်း နေမကောင်းဖြစ်ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်

....နေ့ဆိုင်း Duty ဟာလည်း Ai'Sing ရဲ့ တာဝန်ပဲ ဖြစ်သွားမယ် ...
...ဒါဆို ငါက Aekarin လို့ နာမည်ရတဲ့ ကျောင်းသား ကောင်လေးကို သွားရှာဖို့ ဆေးရုံကနေ ခဏ လစ်ထွက်လို့ ရပြီ...

########

^^^Time Skip^^^

၁၈ရက်နေ့ရဲ့ နေ့ဆိုင်း Duty ကို မဆင်းရဖို့ .. ပထမ တစ်ခေါက်လိုပဲ အားလုံး ကွက်တိ လုပ်နိုင်အပြီးမှာတော့ ဆေးရုံဝင်းကနေ မထွက်ခင် ကျနော် Facebook ကနေ သူ့ကို အရင်ဆုံးရှာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်

TRIAGE (Myanmar Translation)Wo Geschichten leben. Entdecke jetzt