Loop 10 (စောင့်ရှောက်ခြင်း) Unicode

1K 108 0
                                    

နောက်နေ့ မနက်မှာတော့ ကျနော် ဆေးရုံက ဆင်းလို့ရပြီမို့ ကွန်ဒိုကို ပြန်ခဲ့ပါသည် ..
ER တာဝန်ချိန် ၀င်ဖို့ တွေးထားခဲ့ပေမယ့် Singက ဒီနေ့ ကျနော့်မျက်နှာကို ဆေးရုံမှာတွေ့ရတာနဲ့ ကျနော့်ရဲ့ လုပ်လက်စ PhD စာတမ်း တစ်ခုလုံးကို မီးရှို့ပစ်မယ်လို့ ကြိမ်းဝါးထားတာကြောင့် သက်ဆိုင်ရာ Professor တစ်ဦးကို ဆေးစာရေးခိုင်းပြီး ဆေးခွင့်ယူခဲ့ရ၏

ရောဂါ ထူးထူးထွေထွေမရှိဘဲ အားနည်းလို့ နေမကောင်းဖြစ်တာမို့ အခုလို နားခွင့်ရတဲ့အခါ ကျနော့်စိတ်ရော ကိုယ်ပါ အတော်လေး လန်းဆန်းလာတယ် ... အစားမှန်မှန်စားပြီး ရေလုံလောက်အောင် သောက်ဖို့ကိုတော့ အကျင့်ပြန်လုပ်မှပါ ..

ဗိုင်းခနဲ လဲဖူးသွားတော့မှပဲ ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုသိလာတယ် .. ကျနော်တို့လို ၃၀နားနီးနေတဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို အသက်၂၀ စွန်းစ အရွယ်ကလိုပဲ ဘယ်လိုနေနေ ခံနိုင်ရည်ရှိသေးတယ်လို့ ထင်နေကြတာပဲ အများသားလေ .. ကျနော်လည်း ဆရာဝန်ဆိုပေမယ့် လူထဲကလူပဲ မဟုတ်လား ..

အရင်ဆုံး ဆေးရုံဆင်းသွားပြီ ဆိုတာကို Mae ဆီ ဖုန်းဆက် အကြောင်းကြားလိုက်တယ် ..
အဲ့ဒီနောက်တော့ ကျနော့် နှလုံးသားကနေ ပြုလုပ်ဖို့ တောင်းဆိုနေတဲ့ တစ်ခုတည်းသော အရာက Tol ကို ပေါ်ပေါ်ထင်ထင် ချစ်ရေးဆိုနိုင်ဖို့ပါပဲ ..
ကျနော် သူ့အပေါ် ဘယ်လို ခံစားချက်ရှိတယ် ဆိုတာ Tol ကိုယ်တိုင်လည်း သိသွားပြီဆိုတော့ ကျနော် တွန့်ဆုတ်နေလဲ မထူးတော့ဘူး ..

ကျနော့်ကို Tolက ဆက်ဆံပုံကတော့ မုန်းနေ အမြင်ကတ်နေရာကနေ ခပ်လန့်လန့် ဖြစ်နေတဲ့ ပုံကို ပြောင်းလဲသွားပြီ ...
ဒါပေမယ့် တိုးတက်မှုအနေနဲ့တော့ ကျနော့် message တွေကို သူ reply ပြန်လာခြင်းပါပဲ ..

"... ဒီညနေ တစ်ခုခု အတူ သွားစားရအောင် Nong ...
Phi .. မင်းနဲ့ ရောဂါ အခြေအနေ ဆွေးနွေးကြည့်ချင်သေးတယ် .."

စာပို့လိုက်တယ် ဆိုရင်ပဲ ချက်ချင်း seen ဖြစ်သွားခဲ့ပြီး ..

"ဟုတ် Phi ..ကျနော်လိုက်ခဲ့ပါ့မယ် .."

အရင်ဆို ဘာပြောပြော ဘာမေးမေး အင်တင်တင် အရင်လုပ်နေတတ်တဲ့ ကောင်လေးဟာ ဒီလို အထေ့အငေါ့မရှိ လိုက်လျောမယ်ဟု ကြိုမတွေးထားခဲ့သဖြင့် ကျနော် အူမြူးသွားသည် ...

TRIAGE (Myanmar Translation)Onde histórias criam vida. Descubra agora