"ကယ်ကြပါဦး ...""ကယ်ကြပါဦးရှင် ..."
မိန်းမငယ်တစ်ဦး၏ အော်သံလိုလို အသံတစ်ခုကြောင့် အိပ်နေရာမှ အလန့်တကြား ထထိုင်မိ၏.. ကျနော့် ရင်ဘတ်ပေါ် တက်အိပ်နေပုံရသည့် Sibra ကတော့ ညောင်ဟု အသံတစ်ချက်ပေးကာ ထပြေးသွားပြီး ကုတင်အောင်ကနေ ကျနော့်အား စူးစိုက်ကြည့်နေလေသည် ... သြော် ... သူ့ကို ညက အစာမကျွေးတဲ့ လူကြီး ဆိုပြီး စိတ်ကောက်တဲ့ အကြည့်နဲ့ဗျ ..
Sibar လေးကို ကောက်ပွေ့လိုက်ပြီး ... သူမရဲ့ အမွှေးဖွားဖွားတွေအား ချော့မြူပွတ်သပ်ကာ အခန်းထဲက ကြောင်စာကျွေးနေကျ နေရာသို့ ခေါ်သွားတာ ကြောင်စာတစ်ထုပ်ကို ခွက်ထဲ ဖောက်ထည့်ပေးလိုက်သည် ...
Sibra က အားရပါးရစားနေပုံကို ကြည့်ပြီး .. သူ့ကို ဒီတစ်ပတ် ရေချိုး အမွှေးညှပ်ပေးဖို့ အလှပြင်ဆိုင်ပို့ ရဦးမယ်လို့ သတိရသွားရင် စောစာက ကျနော် လန့်နိုးလောက်အောင် အော်လိုက်တဲ့ အသံက အတွေးထဲ ပြန်ဝင်လာပြန်၏ဒီအသံကို ကျနော် ကြားဖူးသလိုလို .. ဘဝရဲ့ မှတ်မှတ်ထင်ထင် စွဲနေတဲ့ အရေးပါသော အတိတ်တစ်ခုထဲကလိုလို ... ဖြစ်နေပေမယ့် တကယ်တမ်းတော့ တိတိကျကျ မမှတ်မိ .. စိတ်ခြောက်ခြားပြီး မက်တဲ့ အိပ်မက်ပဲ ဖြစ်မှာပါလို့ ခပ်ပေါ့ပေါ့ သဘောထားဖို့ ဆုံးဖြတ်လိုက်ပေမယ့် အဲ့ အော်သံနဲ့ ပတ်သတ်ပြီး ကျနော် ရင်ထဲ မတင်မကျကြီး ခံစားနေရ၏ ...မကောင်းတဲ့ ဖြစ်ရပ် တစ်စုံတစ်ခု၏ နိမိတ်များလေလား ...
ရေချိုးခန်းထဲမှာ သွားတိုက်နေရင်း မှန်ကြည့်မိတော့ ကျနော့့်ဆံပင်တွေ တအားရှည်နေတာ .. ငယ်ငယ်က ကြည့်ဖူးတဲ့ တာဇံ ဇာတ်ကားထဲက တောတွင်း ဇာတ်ကောင်နေရာ လာလှမ်းကမ်းရင်တောင် ရိုက်ပေးလို့ရနေလောက်တဲ့ အထိ... ဒါပေမယ့် ခုနက အော်သံနက်နက်ရယ် ... စုတ်ပေနေတဲ့ ရုပ်ရယ် မဟုတ်ဘဲနဲ့ ကျနော် ရတက်မအေးနိုင် ဖြစ်နေတာ တစ်ခုခု ရှိနေသေးတယ် ... ဘာများပါလိမ့်
ကျနော်တခုခု မဖြစ်မနေ လုပ်ရမှာကို မေ့နေသလိုပဲ .. မနက်ခင်း အဆိုင်းအတွက် လုပ်ရမှာ တစ်ခုခုကိုလား ... မဟုတ်ပါဘူး ... ကျနော် ဒီနေ့ ညဆိုင်းပဲ တာဝန်ကျတာပါ ... အင်း ဆေးရုံရောက်မှ သေချာ ပြန်စစ်ဆေးကြည့်ရမယ် ..
YOU ARE READING
TRIAGE (Myanmar Translation)
Mystery / ThrillerSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...