Loop 10 (ဖြေရန်ခက်သော) Unicode

1K 121 6
                                    


.... မလာချင်ဘဲ လာရရင်လည်း .. ပြန်တော့လေ မနေပါနဲ့တော့.....

စိတ်ထဲကနေ Tolကို ဂျစ်တိုက်လိုက်ပေမယ့် လက်တွေ့မှာတော့ အကြီးဖြစ်တဲ့ ကိုယ်က ဒီစကားမျိုး ဖွင့်ထုတ်ပြော၍ မဖြစ်

Tol က ဖြည်းဖြည်းချင်း ကုတင်ဘက်သို့ တိုးလာပြီး ကုတင်ပေါ်က ကျနော့်ကို အုပ်မိုးကာ ဘယ်နား နေမကောင်း ဖြစ်သလဲ သိချင်သလို ခေါင်းစ ခြေဆုံး အကဲခတ်လာပြန်သည်
ထို့နောက် သူ့လက်ထဲက ဘာအာဟာရမှ တကယ်မပါဘဲ အချိုဓာတ်တွေသာ ထည့်ထားတဲ့ ငှက်သိုက်ရည်ခြင်းကို  ကုတင်ခေါင်းရင်းနားက စားပွဲပေါ်တင်လိုက်ပြီး ..

"ဒါတွေက Mae ပေးခိုင်းတာလေးပါ .. သူ မြို့ပြင်နား ရောက်နေလို့ ကိုယ်တိုင်လာချင်ပေမယ့် အခု လာမမေးနိုင်တာပါတဲ့ .."

သူ့ဘက်က ဘာမှ မဖြစ်ခဲ့ကြသလို ဟန်ဆောင်ပြီး စကားပြောနေနိင်ပေမယ့် ကျနော့် စိတ်ထဲကတော့ ဘယ်လိုမှ အဆင်မပြေ ..
ညစ်နွမ်း ညှိုးရော်နေမယ့် ကျနော့်အသွင်အပြင်ကြောင့်လည်း သူ့အကြည့်အောက်မှာ အနေရခက်ခြင်းတွေ ထပ်တိုးလို့လာသည်  ..
ငယ်ငယ်ကလို စောင်ကိုခေါင်းမြီးခြုံပြီး ပုန်းနေရရင် ကောင်းမလား ..
ငါ့ကို မတန်သလို ဆက်ဆံပြီး ဘာမဖြစ်ခဲ့ကြသလို နေနေတဲ့ ကောင်လေးကို အရွဲ့တိုက်ပြီး မင်း စိတ်မဆိုးဘူးဆိုရင် ငါ့ကောင်လေးလုပ်မလားလို့ မျက်နှာပြောင်တိုက် မေးလိုက်ရင်ပဲ ကောင်းမလား ..

"Phi .."

"ခင်ဗျာ .."

Tol ရဲ့ ခေါ်သံကြားမှ အိပ်လျက်သားနဲ့ ဆက်အတွေးလွန်နေဖို့ မကောင်းတာ သတိဝင်ပြီး သူ့ကို ဧည့်ခံဖို့ ထထိုင်လိုက်ရသည် ..

Nong Tol က ခေါ်သာခေါ်ပြီး ဘာမှ ဆက်မပြော .... ကျနော့်ကို စိုက်ကြည့်ကာ တစ်ခုခုပြောလိုက်ချင်ဟန်ရှိနေပြီး .. မပြောဖြစ်အောင်လည်း မနည်းထိန်းထားတဲ့ ရုပ်လေးနဲ့ ...

"ဟို .. ကျနော် ပြန်တော့မယ်လို့ .... ပြောမလို့ပါ .."

ထွက်သွားဖို့ပြင်သူက ချိတုံချတုံလှမ်းသွားနေချိန် .. ကျန်ခဲ့မယ့်သူမှာလည်း ဆွဲထားရမလား ဝေခွဲမရ ..

"နေပါဦး .. Nong .."

​Nong Tol တံခါးဝသို့ ရောက်သွားခါနီးမှာတော့ ကျနော့် စိတ်ထဲမှ သူ့အပေါ် ပစ်မထားနိုင်ခြင်းက အနိုင်ယူသွားပြီး လှမ်းတားမိသည် ...

TRIAGE (Myanmar Translation)Donde viven las historias. Descúbrelo ahora