"အခန်းရှေ့မှာ စာလာထားသွားတဲ့သူကို မတွေ့ရမချင်း ကျနော် CCTV ကို ထိုင်စစ်နေခဲ့တယ် Phi ..
ဒါပေမယ့် တွေ့ပြန်တော့လည်း ကျနော်တို့ မျှော်လင့်ထားတဲ့ အတိုင်း မဟုတ်ပြန်ဘူး"Tol က စိတ်ပျက်အားငယ်မှု တဝက်နှင့် သူ၏ ဖုန်းဆီမှ video တစ်ခုကို ကျနော့်အား ဖွင့်ပြလာသည် ... video လေးက CCTV မှ ပုံရိပ်ကို ထပ်မံ ရိုက်ယူထားခြင်းဖြစ်၏
"အဲဒီကောင်လေး နာမည်က Tae တဲ့ ...
ကျနော်နဲ့ Major တူတဲ့ Junior ပဲ ..
သူ့ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးကြည့်တော့ သူနဲ့ ကျနော် တစ်တိုက်တည်း နေတာမို့ ကျနော့်ဆီ ဒီစာလေး ပေးပေးနိုင်မလားလို့ လူတစ်ယောက်က ပေးခိုင်းတာတဲ့ ..
Tae က ကျနော့်ကို ကျောင်းမှာလည်း ရှာမတွေ့တာနဲ့ အခန်းရှေ့မှာ ထားသွားပေးတာ ..""ဒီလိုဆို အဲဒီ Nong က သူ့ကို စာပေးခိုင်းတဲ့ လူရဲ့ မျက်နှာကို သိလိုက်မှာပဲ ..."
ကျနော် Tol ရဲ့ ဖုန်းက video လေးကို သေသေချာချာ ကြည့်လိုက်တော့ .. Tae ဆိုတဲ့ Nong က Tolရဲ့ အခန်းရှေ့ကို ရောက်လာကာ လူခေါ်ခေါင်းလောင်းကို သုံးလေးခါ နှိပ်ပြီး စောင့်နေတာရယ် ..
ခဏကြာတဲ့အထိ Tol ထွက်မလာတော့ .. စာကို တံခါး အောက်ခြေမှာ ထောင်ပြီး ထားခဲ့တာရယ်ကို တွေ့နေရသည် .."Tae က မှတ်မိတယ်လို့ ပြောတယ် Phi .. ကျနော်လည်း အရင် Phi ကို ပြဖူးတဲ့ Bas ဆိုတဲ့ Engineeringကတစ်ယောက်ရဲ့ ဓာတ်ပုံကို သူ့ကို ပြလိုက်တယ် ...
Nong Tae က သူ့ကို စာလာပေးခိုင်းတာ အဲ့ဒီ တစ်ယောက် မဟုတ်ဘူးတဲ့ ..
ပြီးတော့ Tae တွေ့လိုက်တဲ့သူက ကျောင်းသားအရွယ်လည်း မဟုတ်ဘူး ..""Oyy ... သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တာကလွဲပြီး တခြားနည်းတွေ သုံးဖို့ Phiတို့မှာ အခွင့်အရေး မရှိတာပဲလားကွာ ... သဲလွန်စက လက်တစ်ကမ်းတင် အမြဲ ပျောက်ပျောက်သွားတယ် .."
ကျနော် စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ် ထိုင်နေရာကနေ ဗုန်းခနဲ ပက်လက်လှဲချ ပစ်လိုက်သည် ...
Tol ကတော့ ဒီအတိုင်း ကျနော့်ဘေးမှာ ငုတ်တုတ်လေး ..ညနေ ၅နာရီ ထိုးပြီးပြီမို့ Tol မတော်တဆ ဖြစ်ပြီး ဆေးရုံကိုရောက်သည့် အချိန်ကို ရောက်ရန် နာရီ အနည်းငယ်သာ လိုတော့သည် ...
ကျနော် တာဝန်ချိန်ပြီးလို့ ဆေးရုံကနေ Tolဆီသွားနေဆဲမှာ အကြံတစ်ခု ခေါင်းထဲဝင်လာပြီး Tolရဲ့ အခန်းကို မသွားတော့ဘဲ ကျနော့်ရဲ့ Condo မှာ တွေ့ကြဖို့ လှမ်းခေါ်ဖြစ်ခဲ့သည် ...
Tol ရဲ့ အခန်းကို တဖက်လူတွေ သိပြီးနေပြီမို့ ကျနော့် အခန်းမှာ ခေါ်ထားတာ Tol အတွက် ပိုလုံခြုံမယ်လို့ တွေးမိသောကြာင့် ဖြစ်၏ ...
ESTÁS LEYENDO
TRIAGE (Myanmar Translation)
Misterio / SuspensoSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...