Khun Gan ဆိုတဲ့ အမျိုးသမီး အကြောင်းပြောမယ် ဆိုရင် သူမဟာ လူသိများတဲ့ Private အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ဆရာမ ဆိုတာထက် ပိုပါတယ် ..
နာမည်ကျော် ဆရာဝန်ကြီး တစ်ဦးရဲ့ ဇနီး ဖြစ်ပြီး .. အလုပ်အကိုင် ရာထူးနဲ့ မလိုက်အောင်ကို မျက်နှာပိုးမသေတဲ့ ယောကျ်ား ဖြစ်သူနဲ့ သားဖြစ်သူကြောင့် အမြဲ ခေါင်းခဲ နေရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ပေါ့ .."ဖုန်းဆက်တာ ဘာပြောမလို့လဲ" ....
နေ့စဉ် ကျောင်းသားတွေ ကျောင်းစည်းကမ်းလိုက်နာဖို့ တင်းကျပ်မှုတွေ အသက်သွင်းနေရတဲ့ Mae ရဲ့ ဖုန်းထူးသံက ချိုသာခြင်းတော့ မရှိ ...
ဒါပေမဲ့ မိခင်ရဲ့ အသံမို့ ကျနော့် အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး ဖြစ်သည် ..."ကျနော် အဆင်မပြေဘူး Mae .."
"ဟမ်... ဘာလို့တုန်း ..."
"Mae ကို လွမ်းလို့ ဖြစ်မယ်" ...
ကွန်ဒိုခန်းထဲသို့ တံခါးဖွင့်ဝင်လိုက်ပြီးနောက် ကားသော့ကို စားပွဲပေါ် ပစ်တင်ရင်း .. Tihn ပြန်ဖြေလိုက်သည် .."ဟင်း ... Ai'Tihn တို့ ဒီအရွယ်အထိ အပိုတွေ လုပ်တုန်း ..."
Mae က တမင် လုပ်ယူထားတဲ့ ငြူစူသံကြောင့် ကျနော် ပြုံးမိသည် .."ညစာရော စားပြီး ပြီလား ..."
"ဟုတ် ... ကျနော် ဆေးရုံကပဲ စားလာခဲ့ပြီ .. Pho ရော အိမ်မှာ ရှိနေလား Mae"
"ရှိပါ့ .. အခုပဲ မြို့နယ် ဆေးရုံကြီးက ပြန်လာပြီး ဒီနေ့ အရမ်းပူသလေး... အသက်ကြီးပြီမို့ တအား ပင်ပန်းသလေးနဲ့ ညည်းနေပြီ .. ဘယ်သူက သူ့ကို ရိုက်ပြီး သွားခိုင်းနေလို့လဲ .."
Mae ရဲ့ ဗျစ်တောက်တောက် အသံနောက်မှာ Por ရဲ့ ဖြေရှင်းချက်တွေကိုလည်း ဖုန်းထဲမှာ ခပ်ဖျော့ဖျော့ ကြားလိုက်ရလို့ Tihn ခေါင်းရမ်းကာ ရယ်မိလိုက်၏
"ဒါနဲ့ Mae .... ကျနော် မေးချင်တာတစ်ခုရှိလို့ ..
ကျနော် ငယ်ငယ်က Mae သူငယ်ချင်း မိသားစုနဲ့ ပင်လယ်ကို ခဏခဏ သွားဖူးတယ်နော် .."Mae ဘက်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ...
"သားပြောတာ... Mae သူငယ်ချင်း Pang တို့နဲ့ သွားခဲ့တာကိုလား .. သားက ဘာလို့ ရုတ်တရက်ကြီး ထမေးတာလဲ .. Aunty Pany နဲ့ ဆုံမိကြလို့လား .."
ESTÁS LEYENDO
TRIAGE (Myanmar Translation)
Misterio / SuspensoSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...