Loop 2 (Unicode)

1.4K 103 0
                                    


"ဒီနေ့ မဟားတရားကို ပင်ပန်းနေပါပြီကွာ"

နားနေခန်း တစ်ခုလုံး ကြားလောက်တဲ့ အသံနဲ့ ညည်းလိုက်ရင်း တင်းမာနေတဲ့ ပုခုံး ကြွက်သားတွေ ပြေလျော့လိုငြား တတ်သလောက် ဘယ်ညာ ကွေးဆန့်ပြီး အကြောလျှော့ကာ ကိုယ့်စားပွဲရှိရာကို လျှောက်သွားလိုက်တော့  တစ်ခန်းလုံးက အကြည့်တွေ ကျနော့်ထံ ရောက်လာသည်

"အား ..ကျွတ်...ကျွတ်"

လက်နှစ်ဖက်ကို အပေါ်သို့ တစ်မိနစ်ခန့် ဆန့်ထုတ်လိုက်မှုကြောင့် လှစ်ခနဲ ပေါ်သွားတဲ့ ကျနော့် ဗိုက်သားတွေကို  အားလုံးက မျက်စိအစာလိုက်ကျွေးနေတာ ဖြစ်ကြောင်းတော့ ကျနော် လုံးဝကို မသိသေး

ကျနော်တို့ ဆေးရုံရဲ့ ER Uniform က အပြာရောင် ချည်သားဘောင်းဘီနဲ့ အကျီဖြစ်ပြီး ဘယ်ဘက် ရင်အုံနေရာမှာ ဆေးရုံရဲ့ အမှတ်တံဆိပ် ရိုက်ထားသည်

ကျနော်က ER ထဲမှာဆို Duty Coat မဝတ်တတ် ...
သွေးသံရဲရဲတွေ အန်ဖတ်တွေ နှပ်တွေနဲ့ အမြဲကြုံနေရတဲ့ နေရာဆိုတော့ နှစ်မျိုး ၀တ်ထားရင် နှစ်မျိုးလုံး လျှော်နေရမှာ စိုးလို့ဖြစ်သည်

"Ai Tinh ... မြန်မြန်လာထိုင်စမ်း ... ပွဲဖြစ်အောင် လုပ်မနေနဲ့ ..
ငါ ပင်ပန်းနေတုန်း မင်းကြောင့်ပါ မရူးသွပ်ချင်ဘူး"

တာဝန်ခံ Ai'Gap က အကြည့်စူးစူးတွေနဲ့ အနားရောက်လာပြီး  ကျနော်ကို စားပွဲအထိ ရောက်အောင် တွန်းပို့လာသည်
ပြီးတော့ ကျနော် ထိုင်ချလိုက်သည်အထိ မလုံ့တလုံဖြစ်နေတဲ့ နေရာကို မျက်စိဒေါက်ထောက် ကြည့်နေဆဲ

နာရီကို ကြည့်မိတော့ သန်းခေါင်ကျော်ပြီးတာ နာရီဝက်ရှိပြီ (12:30 AM)
ဘေးစားပွဲမှာ ထိုင်နေတဲ့ Ai'Gap ကို ကြည့်ရတာလည်း အရုပ်ကြိုးပြတ်နဲ့ တော်တော်ပင်ပန်းနေပုံပဲ

ဒီဆေးရုံမှာက နေ့ဆိုင်း တာဝန်ချိန်ဟာ မနက်၈နာရီကနေ ညနေ ၄နာရီ ဖြစ်ပြီး ညဆိုင်း တာဝန်ချိန်ဟာ ညနေ ၄နာရီ ကနေ ညသန်းခေါင်အထိဖြစ်၏

ကျနော် တစ်ချက် သမ်းလိုက်ပြီး စားပွဲပေါ် မျက်နှာ အပ်ချလိုက်သည်.. ကျနော်နေတဲ့ အိမ်ခန်းက ဆေးရုံနဲ့ မနီးမဝေးမှာ ဖြစ်ပြီး ယနေ့အဖို့ အခန်းကို ပြန်ရောက်သည်အထိ ကားမောင်းပြီး သွားနိုင်ဖို့ အားအင် လုံလောက်သေးသလား ကိုယ့်ကိုယ့်ကို မသေချာပေ

TRIAGE (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang