Loop 1

4.7K 241 30
                                    


"ဗုတ်"

အသံတစ်သံ ...
ထိုအသံကြောင့် ကျနော် အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည် ...

စားပွဲခုံပေါ် မှောက်အိပ်နေရ်ာကနေ ဆတ်ခနဲ ကိုယ်ကိုမတ်လိုက်မိပြီး ပတ်ဝန်းကျင်ကို ကြည့်မိတဲ့ခဏ ခေါင်းထဲရောက်လာသော မေးခွန်းက ...

"ငါ ဘယ်ရောက်နေတာလဲ"

"Dr. Tihn!"

တစ်စုံတစ်ယောက်က ကျနော့် နာမည်ကို အော်ခေါ်လိုက်တော့ ထိုအသံဆီ ကျနော့်အာရုံတွေ အားလုံးပါသွားခဲ့သည်

အသံလာရာက Aim ဆိုတဲ့ သူနာပြုဆရာမ ငယ်ငယ်လေးဆီက...

သူမရဲ့ လက်က ကျနော် အိပ်နေတဲ့ စားပွဲပေါ်မှာ ရောက်နေတော့ ခုနက "ဗုတ်" ဆိုသည့် အသံက သူမ စားပွဲခုံကို ပုတ်လိုက်တာပါလားဟု ကျနော်သိလာသည်

"အပြင်ဘက်မှာ စစ်မြေပြင်ကြီး အတိုင်းပဲ ၀ရုန်းသုန်းကားတွေ ဖြစ်နေပြီ ....
ဆရာက ဘယ်လိုဖြစ်လို့ အိပ်နေနိုင်ရတာလဲ ....
အပြင်ထွက်လာပြီး .. Junior တွေကို ကူလှည့်ဦးရှင့်"

"ဟာကွာ ... Sorry ပါ"

လည်ပင်းမှာ ချိတ်ထားရာမှ ကျွတ်ကျပြီး သမံတလင်းပေါ်ကို ရောက်နေပြီ ဖြစ်တဲ့ နားကြပ်လေးကို လှမ်းကောက်ကာ Dr. Tihn တောင်းပန်စကား ဆိုမိသည်

"ထမင်းလေး တစ်လုတ်လောက်ပဲ စားမယ်ဆိုပြီး ကိုယ် ဒီမှာ ခဏ လာထိုင်လိုက်တာ ...
ဘယ်လို အိပ်ပျော်သွားမှန်း မသိလိုက်ဘူး

ကျနော့် စကားကြောင့် Aim က ဘာမှ မစားရသေးသလို အကောင်းမကတိ ရှိနေသော ထမင်းဗူးကို မျက်လုံးလေးစွေပြီး ကြည့်လိုက်သည်

"Au.. စားနေရင်းတောင် အိပ်ငိုက်သွားတာလား ..
ကိုယ့်ဆရာ အဆင်ပြေရဲ့လား ... နားဖို့လိုနေပြီထင်တယ်"

ကျနော် စိတ်မပါတပါနဲ့ မတ်တပ်ထရပ်လိုက်ကာ နားကြပ်ကို လည်ပင်းမှာ ပြန်ချိတ်လိုက်သည်

"အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ...
အဖျားကြီးနေသည်ဖြစ်စေ ..  မေ့မျောနေသည်ဖြစ်စေ..
ဝမ်းတော်လားသည်ဖြစ်စေ ... ဆယ်ဘီးကားကြီးက ၀င်ကြုံးသွားသည်ဖြစ်စေပေါ့ကွာ ..
ကိုယ်ဆိုတာ သေသွားပြီဆိုရင်တောင် ဒီမှာ ဆေးလာကုနေမိဦးမယ့် လူမျိုး..."

TRIAGE (Myanmar Translation)Donde viven las historias. Descúbrelo ahora