Business Administration စာသင်ဆောင်ရဲ့ ပတ်ပတ်လည် ကျောင်းဝင်းအတွင်းမှာ ၁နာရီလောက် အချိန်ကုန်သွားပြီဖြစ်ပေမယ့် Mai ရဲ့ Ex ကို သိတယ်လို့ ယူဆထားတဲ့ ကောင်မလေးကို Tihn ရှာမတွေ့နိုင်သေး ..
ဒီကို မလာခင်မှာ Mai ရဲ့ Facebook account ကို ဝင်မွှေလာခဲ့သေးသည် ..
သူနဲ့ ချစ်သူဖြစ်ဖူးသူကို ပုံတွဲမတင်ရင်တောင် အနည်းဆုံး Tag တွဲတာမျိုး ရှိမယ်လို့ မျှော်လင့်မိသော်လည်း Mai က Beauty Queen ပီပီ တစ်ယောက်တည်း အလှပုံတွေသာ တင်ထားပြီး Popularity ကျမှာစိုးလို့ RS ကိုပေါ်တင်အသိပေးပုံမရ ..
သူငယ်ချင်းအုပ်စုနဲ့ တွဲတင်ထားတဲ့ ပုံတွေမှာလည်း Mai ရဲ့ exကို တွေ့ခဲ့သည့် ကလေးမကို ရှာကြည့်ပေမယ့် ဆင်တူတဲ့သူ မတွေ့ဘဲ ဖြစ်နေသည် ..
.
အဓိကတော့ စက္ကန့်ပိုင်းလောက်ပဲ မြင်လိုက်သော မျက်နှာတစ်ခုကို မှတ်မိဖို့ မလွယ်တာ ဖြစ်နေမှန်း ကျောင်းသူတွေ အများကြီးကို လိုက်ကြည့်အပြီးမှာ နားလည်လိုက်၏အခုတော့ မူးနောက်သွားလို့ Nong Art သကြားလုံး မနင်ခင် ထိုင်နေခဲ့သော ခုံတန်းလေးမှာ Tihn အမောဖြေနေရသည် ..
ဒီအချိန် အတန်းတက်နေတဲ့ ကျောင်းသားတွေလည်း ရှိနေနိုင်လို့ မနက်ဖြန်အထိ သေချာရှာရင်တော့ ကောင်မလေးကို တွေ့နိုင်တယ်ဟု အားတင်းလိုက်သည် ..နာရီဝက်လောက်ကြာတော့ ခြေသံ စကားသံ တဝုန်းဝုန်းနဲ့ အတူ စာသင်ဆောင် အတွင်းမှ ကျောင်းသားတွေ အစီအရီ ထွက်လာတာကို မြင်လိုက်ရသည် ..
ကျွတ် ... နေ့လည် ၁၂နာရီတောင် ရှိသွားပြီပဲ ..
"တွေ့ပြီလား ..."
ခုံတန်း နောက်ဖက်ကနေ ရုတ်တရက် အနားကပ် အော်လိုက်လို့ Tol ရဲ့ အသံမှန်း သိပေမယ့် Tihn အနည်းငယ် လန့်သွားသည်
"ဖြေးဖြေးသာသာ လုပ်ပါ Tol ရယ် .."
ကျနော်က ရင်ဘတ်ကို လက်နဲ့ဖိထားလိုက်ပြီး နောက်ဖက်က Tolကို ခေါင်းလှန်ပြီး ကြည့်လိုက်ကာ ..
"Phi မတွေ့သေးဘူး ခင်ဗျ .... ကျောင်းသူတွေက အများကြီးပဲ .. Tol ဘာသာ Nong Mai ကို ရအောင်မေးလိုက်တာမှ အဆင်ပြေမယ် ထင်တယ် .."
"ဟမ်းးးး"
Tol က အလိုမကျဟန်နှင့် လက်ပိုက်လိုက်ပြီး ..
VOCÊ ESTÁ LENDO
TRIAGE (Myanmar Translation)
Mistério / SuspenseSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...