*အဲ့တော့ ငါ့ကိုမပြောဘဲ လုပ်တော့မယ်ပေါ့*
*မဟုတ်ပါဘူး ဆို jiရာ*
မနက်စောစောသူနိုးလာတော့ အိပ်ပုတ်ကလေးjiက ပုဇွန်ထုတ်ကွေး ကွေးနေတုန်း ။ဒါကြောင့် သူလည်း မနှိုးနေတော့ဘဲ ထ ခဲ့လိုက်တာ။နိုးနိုးချင်း မနေ့က ကိစ္စ ကိုလေးလေး ပြောလိုက်လို့ သိသိချင်း ညအိပ်ဝတ် တောင်မလဲအားဘဲ အားချင်း သူ့ဆီ လာပီး ရစ်တော့တာဘဲ။
ရောက်ရောက်ခြင်း ရင်ဘတ်တွေ လာထုလို့ လန့်ရသေးတယ်။နောက်တော့မှ*ဘာလို့ ငါ့ကိုအရင်ဆုံးမပြောတာလဲဆိုပြီး *အော်တော့မှမနေ့က အကြောင်းဆိုတာသိလိုက်ရသည်။
*ဘာလုပ်လုပ် အမြဲ အရင်အသိပေးပါဆိုတာကို မင်း တကယ် မကောငိးတဲ့ အကောင်*
*ရား ဘယ်နခါပြောရမလဲ မင်း ကမနေ့ညက မူးနေတာလေ။ငါသာအိပ်ခန်းထဲ မပို့ပေးရင် မင်း ခြံထဲမှာ ခြင်ကိုက်လို့ ဘဝကူးနေလောက်ပီ*
*ဘာ နေနေ ကွာ။မကျေနပ်ဘူး။အခုတောင် ဖေဖေ မပြောရင် သိမှာတောင်မဟုတ်ဘူး*
*မင်း နိုးရင် ပြောမလို့ပါဘဲ ဆို*
ဟင်းးးးးတဖန်တိတ်ဆိတ်သွားတဲ့ အခန်းလေး။jackသည်လည်း တွေဝေနေခဲ့သည်။တကယ်လို့ ဒီအလုပ်ထဲ ခြေချတော့မယ်ဆိုရင် ရင်ဆိုင် ရမယ့် အရာတွေက အများကြီး။ဒါကိုသူခံနိုင်ပါ့မလား။တဖက်ကjiကိုလည်း သူမခွဲနိုင်ဘူး။အမြဲ တပူးပူး တတွဲတွဲ နေခဲ့ရတာ ရုတ်တရက် ဆိုတော့ စိတ်ထဲ မသက်သာတာ အမှန်။
-----------------------ပေးမလုပ်ချင်တာမျိုးမဟုတ်ပေမယ့် နည်းနည်းပေါ့ ဘယ်လိုပြောရမလဲ အနုပညာအလုပ်ဆိုတာ လူအများကြီးနဲ့ထိတွေ့ဆက်ဆံရမှာလေ။နောက်ပီးjackက အူတူတူဆိုတော့ နိုင်စား မှာကြောက်သည်။သူက အနိုင်ယူတယ်ဆိူပေမယ့် နာကျင်အောင်လုပ်တာမျိူး မရှိဘူးလေ။ဒါပေမယ့် ဒီအလုပ်ထဲ ခြေချလိုက်တာနဲ့ ဝေဖန်မှုတွေ တဟုန်ထိူး တက်လာမှာ။အာ့ဒါဆို သူလည်း မခံနိုင်သလို့ jackလည်း စိတ်မကောင်းဖစ်နေမှာလေ။
သူကောင်းစားတာကိူ မမြင်ချင်လို့ မဟုတ်ပါဘူး။အတိုက်ခိုက်တွေကိူ ခံရမှာစိုးတာပါ။ဝါသနာလည်းပါတယ်ဆ်ူတော့ သူ မှာ တားနိုင်စွမ်းရှိပါ့တော့မလား။