Greece🌁*Ji,ji.......*
*........*
*Ji,ji... ထတော့..ခဏနေ လေယာဉ်ဆိုက်တော့မှာ..*.
*ဟင်..*
*ထတော့ နော်..ရောက်ခါနီးပြီ...*
ခရီးလမ်းတလျှောက် ဆူပုတ်ပုတ်နဲ့ လိုက်လာသူ ချစ်သူ လေးကို အသာပုတ်နိုးတော့ မျက်စောင်းလေးဝံ့ကာ တဖက်ကို ပြန်စောင်းအိပ်သွားသည်။
ထို့ကြောင့်jungkookလည်း ချစ်သူလေးရဲ့ ဖောင်းအိအိပါးလေးတွေကို အသာဖျစ်ညစ်ရင်း ထပ်မံနှိုးရပြန်သည်။ညတွင်းချင်း ခရီးသွားမယ်ဆိုပြီး ဘာမှမပြင်ဆင်ဘဲ ချက်ချင်းရောက်လာကြတဲ့သူတို့နှစ်ယောက်။
ဘာအစီစဉ်မှမရှိဘဲ စိတ်ကူးထဲပေါ်လာလို့ ထွက်လာလိုက်ကြတာ အခုတော့ ဂရိ နိုင်ငံကို ရောက်လာခဲ့သည် ။Ji,jiကတော့ ခရီးသွားရတာ နှစ်သက်သည်လည်း မဟုတ်သလို မနှစ်သက်သည်လည်းမဟုတ်ပေ။
ချက်ချင်းကြီးလာလိုက်ရလို့ စိတ်ကောက်နေခြင်းဖြစ်သည် ။
ထို့ကြောင့်လည်း လေယာဉ်ပေါ်ရောက်ကတည်းက တယောက်ထဲ ဆန္ဒတွေပြကာ အိပ်ရင်း လိုက်လာခဲ့သည်။
ဒါကိုဘဲ jungkookမှာတော့ အသဲတယားယားနဲ့ ဖြစ်နေသည်ပေါ့။ရည်းစားမဖြစ်ခင်ကတည်းက ဒါတွေက သူ့အတွက်ဖြစ်ရိုးဖြစ်စဉ်တွေဆိုတော့ သိပ်ပြီးထူးဆန်းမနေတော့ပါဘူး။
စိတ်ဆိုးပြေတဲ့ အထိ အနမ်းလေးတွေနဲ့ ချော့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။* Hotel ရောက်မှ ဆက်အိပ်ပါလား..ji,ji..*
*ဘာလဲ..လာရွဲ့နေတာလား..*
*မဟုတ်ရပါဘူး..လေယာဉ်ပေါ်ကဆင်းရင် ခေါင်းနောက်နေမှာဆိုးလို့ပါ..*
*မသိဘူး..အိပ်ချင်သလို အိပ်မယ်..*
*ပျော်ပျော်ပါးပါး ခရီးထွက်လာလေ ကွာ..ဒီလိုဘဲ စိတ်ကောက်နေတော့မှာလား..*
*အဲတော့ မချစ်ဘူးလား ပြော..*
*ဟော ဗျာ..ချစ်တာပေါ့.ချစ်လို့လဲ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေချင်လို့ နားရက်လေးခရီးထွက်လာတာကို..ji,jiက စိတ်ကောက်နေတော့ ဘယ်လို လုပ်ရမလဲ..*
*ဟွန့်!!စိတ်မကောက်ပါဘူး နော်....*
*ဟုတ်လို့လား..*