*ဒါလေး လှတယ်နော်....**အင်း...ဒီအရောင်က ပိုစိုသလားလို့...မာမီကတော့ အဝါလေးကို ပိုသဘောကျတယ်....*
အလုပ်သွားခါနီး ဧည့်ခန်းထဲက မာမီနဲ့ မမတို့ရဲ့ တီးတိုးစကားသံကြောင့် jimin,လည်းဧည့်ခန်းထဲကိုဦးတည်လိုက်တယ်။လက်ပ်တော့ တလုံးနဲ့ သားမိနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဘာတွေလုပ်နေလဲမသိ။ဒယ်ဒီက တော့ သတင်းစာဖတ်နေသည်။
Companyကို တော့jiminနဲ့ joon hyung,ကဘဲ ဦးဆောင် လုပ်ကိုင်တော့သည်။ဒယ်ဒီက အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းလာတာရယ် နားနားနေနေ ပေးနေချင်တာရယ်ကြောင့် အိမ်မှာဘဲ အနားယူခိုင်းတော့သည်။*ဘာတွေ ကြည့်နေတာလဲ မာမီ...*
*ဟော..လာ..သား..ဒီမှာလေ မင်းတူမလေးအတွက် အခန်းပစ္စည်းလေးတွေကြည့်နေတာ...*
*တူမလေး..*
*အင်းလေ..အော်..သားကိုမပြောရသေးဘူးဘဲ..မနေ့က သားမမကို Ultrasoundသွားရိုက်တာ..မိန်းခလေးတဲ့...သားရေ...အဲဒါကြောင့် လိုအပ်တာလေးတွေကြည့်နေတာ..*
*ဟုတ်လား...သားလိုမျိုး ချောချောလေးဖြစ်အောင် မွေးပေးနော် မမ... မမ နဲ့တူရင် ရုပ်ဆိုးလိမ့်မယ်...*
*အဟား..မမ ကရုပ်ဆိူးတယ်ပေါ့လေ...ငယ်ငယ်တုန်းကတော့ မမ က ကမ္ဘာပေါ်မှာ အချောဆုံးဆိူပြီးပြောနေပြီးတော့...အခုကျတာ့ တမျိုးပြောနေတယ် ..ကြည့်စမ်း....*
*ဟား..ဟား...သားက စတာပါ..ဘာဘဲဖြစ်ဖြစ် မမ တို့နဲ့တူရင်တော့ ချစ်စရာမကောင်းမှာ သေချာတယ်...*
*ငါနဲ့တူမှ ချောမှာပါနော်...အရပ်မြင့်မြင့် ..အသားဖြူဖြူ....ဟော..ရယ်လိုက်ရင် ပိတ်ကျမသွားတဲ့ မျက်လုံးလေးရော..ပါးခ်ျုင့်လေးတောင် အစစ်ပါလိုက်သေး...*
ထမင်းစားခန်းထဲက ထွက်လာတဲ့ joon ,hyungက ဝင်လာရင်း လှမ်းပြောသည်။
*အာ...ဒီအရပ်လေးကိုဘဲ ပြောနေကြတယ်...ကျွန်တော်က မပုပါဘူးနော်...Hyung,ကသာ မတရား ရှည်နေတာ..*
*ဘာဘဲ ဖြစ်ဖြစ် ပုတာဘဲ မလား..တော်ကြာ ငါ့သမီးလေး လူစင်မမှီဘဲ နေအူးမယ်....*
*Hyung!!!!*
*အဟား..ဟား....*
နီးရာ cusionနဲ့လှမ်းပေါက်တော့ တဟားဟား အော်ရယ်လေရဲ့။နှစ်ယောက်အပြင်ထွက်တိုင်းတူဝရီးတွေလားလို့ အမေးခံရတဲ့နောက်ပိုင်း အတူတူမသွားတော့တာ။ဒီအရပ်က အတော်ဘဲကို...မပုပါဘူးနော်....အဲ့hyung,ကသာ ငယ်ငယ်ကတည်းက ဘားခို ခဲ့တာနေမယ် ။