ဒေါက် ဒေါက်!!!!
တံခါးခေါက်သံကြောင့် jimin ခြေရင်းမှာပုံနေတဲ့စောင်ကို ပြန်ဆွဲပြီး တကိုယ်လုံးလုံအောင် ဆွဲခြုံလိုက်သည်။နေဖင်ထိုးေနရင်ေတာင် သူကတော့ ဖင်ရွေ့ပြီး ပြန်အိပ်မယ့်သူမျိုးပါ။
*သားရေ..ji,ji
ထတော့လေ သား။အောက်မှာ သားဒယ်ဒီက စကားနည်းနည်းပြောချင်လို့တဲ့။ထတော့နော် သား*စောစောစီးစီး ဒယ်ဒီက စကားမပြောဖူးတာမို့ အရေးကြီးကိစ္စပြောစရာဟန် ရှိလိမ့်မယ်။ဒါကြောင့်မို့ သူသည်လည်း ဆက်အိပ်မနေတော့ဘဲ ရေချိုးခန်းကိူသာ အိပ်မှုန်ဆုံဖွား ဝင်သွားတော့သည်။
*ဟော သား ။လာ ။ဘယ်လိုလဲ စောစောစီးစီးနိုးလိုက်လို့ ဆူပုတ်နေတာလား*
*မစောတော့ပါဘူး မေကြီးရယ် မင်းသာကသာအိတ်ပုတ်ကြီးတာ*
*အာ တကယ်ဘဲ ဘာမှပြောစရာမရှိဘဲနဲ့ နှိုးတယ်ပေါ့လေ။အကျင့်ကို မကောင်းကြဘူး*
*အလကား နှိုးမလား ကွ။ပြောစရာရှိတယ်*
ထမင်းဝိုင်းထဲ ထိုင်လိုက်တာနဲ့ မာမီက ကောဖီ တခွက်အဆင့်သင့်ချပေးသည်။ပုံမှန်ဆို သောက်လေ့မရှိပါဘူး။ဘာလို့လဲဆိူတော့ jackကမကြိုက်လို့ပါ။jackက်ုယ်တိုင်ကလည်း မသောက်ဖူးလေ။ရင်တုန်လို့တဲ့။နောက်ပီး အိပ်မပြောလို့တဲ့လေ။ဒါနဲ့ဘဲသူလည်း သိပ်မသောက်ဖစ်တေတာ့ပါဘူး။အခုကတော့ အိပ်ချင်ပြေပေါ့
*သားကအခုကျောင်းလည်းပြီးထားတာကြာနေပီ အလုပ်လုပ်ဖို့ မတွေးဘူးလား*
*အလုပ်က ဒယ်ဒီဦးစီးနေတာဘဲ။သားကနားမှမလည်တာ*
*နားမလည်ရင် သင်ယူရမယ်သား။သားကတက်လူ ဒယ်ဒီက ကျလူ ။သားကရှေ့ဆက်ရမယ့် ဘဝတက်လမ်းရှိသေးတယ်။ဒယ်ဒီက အသက်ကြီးလာပီ ဒီအလုပ်ကနေအနားယူချင်နေပီသား။ဒယ်ဒီပြောတာနားလည်လား။အခုဆ်ူjungkookလေးကလည်း သူဝါသနာပါရာ သူအောင်မြင်မီုရဖို့ ကြိုးစားနေပီလေ။သားလည်း ကြိုးသားသင့်တယိ*
*ဒါပေမယ့် သားမှ....*
*ဟုတ်တယ်သား။မာမီလည်း ထောက်ခံတယ်။မာမီတို့မှာ ပြေးကြည့်မှ သားနဲ့သမီး နှစ်ယောက်ထဲ ရှိတာ။ဟော ။သားမမ ကလည်း singaporeမှာသူ့အိမ်ထောင်နဲ့ သူ့အလုပ်နဲ့သူဖြစ်နေပီ။သားကလူငယ်ဘဲ သင်ယူရင် တက်မြောက်လွယ်ပါတယ် ။နော်*