တီ......တီ......တီ.......
သာယာတဲ့တဲ့မနက်ခင်းက်ုဖြိုခွင်းလိုက်တဲ့ဖုန်းသံကြောင့် သူမျက်မှောင်ကြုတ်မိသည်။
ညကနောက်ကျမှအိပ်ပါတယ်ဆိုမှ....ဒါပေမယ့်လည်းအဆက်မပြတ်မည်နေတဲ့ဖုန်းသံကြောင့်သူဆက်အိပ်လို့ရမယ်မထင်ဘူး
ဒါကြောင့်လည်းမကြည်တဲ့ခေါင်းကိုသာထုပီး ဖုန်းကိုင်မိသည်။*ဟယ်.....*
*သား..မာမီပါ ဘာလို့ဖုန်းမကိုင်တာလဲ ညဘက်တွေနောက်ကျမှအိပ်ပြန်ပီလား*
ဖုန်းမဖြေခင်မှာတဖက်ကမာမီအသံကြားမှသူမျက်လုံးပြူးသွားတော့သည်။
ဟုတ်သား သူဒီရောက်ကတည်းအိမ်ကိုဖုန်းမှမဆက်ရသေးတာ*ဟီး မဟုတ်ပါဘူး မာမီရဲ့*
*ဘာမဟုတ်တာလဲ ji လေးနော် အိမ်နဲ့ဝေးတယ်ဆိုပီးဆိုးနေတာလား နောက်ပီး jungkookကိုရော အနိုင်ကျင့်သေးလား*
*အာ မာမီ သားက မာမီသားပါနော် တစိတ်ရှိjackကိုဘဲစိတ်ပူနေတာ ဟွန့်*
သူနှာမှုတ်သံကြားတော့မာမီကရယ်လေရဲ့
အနေအေးတဲ့jackကနှစ်အိမ်လုံးရဲ့အသဲကျော်ဖစ်နေတာကို သူမနာလိုစွာပြောလိုက်မိချင်းသာ
တကယ်တော့နှစ်ယောက်လုံးကိုနှစ်အိမ်လုံးကချစ်ကြတာ သူတို့သိတယ်လေ*မဟုတ်ပါဘူး သား ရယ် jungkookလေးက အေးတယ်လေ သားက စိတ်မြန်တော့ စကားများနေမှာဆ်ုးလို့ပါ*
*မာမီကဘာသိလို့လဲ သူကအေးတယ်အေးတယ်နဲ့ သားဆိုရင် မထိတထိအရမ်းစတာကို*
*အော် ဒါကတော့သားကိုချစ်လို့လေ အာ့ကြောင့်လည်းသား ဘာလုပ်လုပ်သူငြိမ်ခံတာပေါ့*
*မနက်စောစောဖုန်းဆက်တာ သူ့ကောင်းကြောင်းပြောဖို့လား မာမီ*
*မဟုတ်ပါဘူး သားရယ် သားတို့ အပန်းဖြေပီးရင် ပြန်လာတော့လို့ ပြောမလို့ သားဒယ်ဒီ မွေးနေ့ရှိသေးတယ်လေ*
*အာ ဟုတ်သားဘဲ သားမေ့နေတာ*
*တယ် ဒီကလေး အကြာကြီးမလည်နေနဲ့နော် အမှီပြန်ခဲ့ ကြား လား*
*ဟုတ်ကဲ့ ဒါဆို ဒါဘဲနော် မာမီ*
*ဟုတ်ပီ မတည့်တာတွေလျောက်မစားနဲ့နော် သား*