တစ်ရက်ကူးအောင်တောင်စိတ်မဆိုးတက်တဲ့jijiက အခုဆို သုံးရက်မြောက်တောင်ရှိနေပြီ။
ဘာကြောင့် စိတ်ဆိုးမှန်း သူလည်း မသိဘူး။
နောက်နေ့ နံနက်စောစော သွားတွေ့တော့ အလုပ်သွားပြီတဲ့။
ညနေ တခါ သွားပြန်ေတွ့ရင်လည်း အတွေ့မခံဘဲ ပင်ပန်းလို့နားချင်တယ် ဆိုတဲ့ စကားဘဲပြောပြန်တယ်။အဲလိုနဲ့ အခုဆို သုံးရက်ပြည့်တော့မည်။
ဒီနေ့တော့ မရတော့ဘူး သူ့ထက်စောအောင် စောင့်နေမှရမယ်။မဟုတ်ရင် ကိုယ်တော်ချောက လှစ်ခနဲဆို ပျောက်ပျောက်သွားတာ။
ဒါကြောင့် jungkookလည်း ဝေလီဝေလင်းကတည်းက ji,ji ခြံရှေ့မှာ ရပ်စောင့်နေလိုက်သည်။ခြံရှေ့တည့်တည့်မဟုတ်ဘဲ အုတ်တံတိုင်းအကွယ်လေးနားမှာပေါ့။သူ့ကိုတွေ့တာနဲ့ေ သချာပေါက် ရှောင်ပြေးမယ်ဆိုတာ သိတယ်လေ။
ဒီတခါတော့ မင်းငါ့ လက်ကမလွတ်တော့ပါဘူး
Ji,ji...ရာကျွီ...
အတွေးမဆုံးခင် ခြံတခါးပွင့်လာသည်။
အံမယ်....ခေါင်းတစ်လုံးဘဲ အရင်ထွက်လာတာ။
မျက်စိကလည်း ဟိုကြည့်ဒီကြည့်နဲ့...ဘာလေးမှန်းကိုမသိဘူး.…..
ဒါ သူ့ကို ချောင်းတာပေါ့လေ...ထို့ေကြာင့်Jungkookလည်း ကားကိုမှီကာ လက်ပိုက်ရင်း အသာကြည့်နေလိုက်သည် ။
ပြီးနောက် ji,jiက ခြံတံခါးကို လူတကိုယ်ဝင်ရုံမျှသာ တွန်းဖွင့်ပြီး ထွက်လာသည်။
ခြံပြင်ရောက်လာတော့မှ အင်္ကျီကို သပ်သပ်ရပ်ရပ်ပြန်ဆွဲချကာ လက်ဆွဲအိတ်ကို လေပေါ် ဝှေ့ရမ်းနေသည်။
သူနဲ့မတွေ့ဘူးဆိုပြီး ပျော်နေတဲ့ပုံဘဲ။
မရတော့ ဘူး ဒီနေ့တော့ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက်ကို သေချာသိမှရမယ်။*စောစောစီးစီး ဘယ်ကိုလဲ ji,ji*
အနောက်ဘက်က စူးရှရှ အသံကြောင့်မြှောက်ကြွနေတဲ့ ခြေလှမ်းတွေက ရပ်တန့်သွားသည်။
ဒါက နှစ်ယောက်မရှိတဲ့ jackရဲ့အသံဆိုတာသူ လှည့်ကြည့်စရာမလိုဘဲသိသည် ။
စောစောထွက်ပါတယ်ဆိုမှ jackကဘယ်လိုလုပ်ကြိုရောက်နေတာလဲ...*ဟီး..jack...*
*အင်း...ဒီနေ့လည်း ရှောင်ပြေးအုန်းမှာလား*
*ဘယ်.ဘယ်မှာ ရှောင်ပြေးလို့လဲ မပြေးပါဘူးနော်*
*ဟုတ်လား .ဒါဆို ဘာလို့အတွေ့မခံတာလဲ*