တစ်ပတ်ဆိုတဲ့အချိန်က မသိမသာကုန်ခမ်းသွားတော့မည်။ဒီရက်တွေမှာ jimin သေချာစဉ်းစားခဲ့တော့ အဖြေက ဒွိဟ ဖြစ်နေသည်။လက်ခံဖို့ကျတော့လည်း သူ့ရင်ခုန်သံတွေ စိတ်လှုပ်ရှားမှုတွေ ကြည်နူးမှုတွေမပါဘဲ ဗလာသက်သက်ခံစားချက်။
ငြင်းပယ်လိုက်ရင်လည်းနှစ်အလီလီ မေျှာ်လင့်ချက်အပြည့်နဲ့ ချစ်ခြင်းတရားကြောင့် သူ စိတ်မကောင်းဖြစ်မိသည်။
တိုင်ပင်စရာ ။ရင်ဖွင့်စရာ jackကရှိမနေတဲ့အခါ သူပိုရှုပ်ထွေးနေသည်။
နောက်ပြီး အဲလစ် နဲ့ သိပ်မရောနဲ့လို့ jackကသူ့ကို အကြိမ်ကြိမ် မှာသွားသေးတယ်မဟုတ်လား။
အခုလို ချစ်ခွင့်တောင်းတာကိုသာ သိသွားကြည့်။
သေချာပေါက် သူ့ကို စိတ်ဆိုးနေမလား ဒေါသထွက်နေမလား တခုခုဘဲ။ဒါပေမယ့် jackလည်း ဟို modelနဲ့ သတင်းထွက်နေတာဘဲလေ။
ဘာဘဲပြောပြောသူ(မ)လို မိန်းမလှတယောက်ကိုဘယ်ယောကျာ်းမဆိုကြိုက်ကြမှာဘဲ။
Jackလည်း ရင်ခုန်တက်တဲ့အရွယ်ဆိုတော့ ကြိုက်ရင်လည်းကြိုက်သွားနိုင်တယ်။အတွေးလေး ဝင်ရုံနဲ့တင် သူ့ရင်ထဲ မွန်းကျပ်လာသည်။ဘာလို့လဲ! ဘယ်လိုခံစားချက်ကြီးလဲ!
ဘာလို့ ငိုချင်သလို ဖြစ်နေရတာလဲ!မကြိုက်ဘူး!ဒီခံစားချက်ကြီးကို သူတကယ်မကြိုက်ဘူး!!ဟူး......….
လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဆွဲအိတ်ကို လျော့တိလျောရဲ ဆွဲကာ အိမ်ထဲဝင်ခဲ့သည်။နောက် သုံးရက်ဆို သူ အဲလစ်ကို အဖြေပေးရတော့မှာ။ဒီရက်ပိုင်းတွေမှာလည်း သူနဲ့အဲလစ် က အရင်လို စကားမပြောဖြစ်တော့ပေ။သူကဘဲ တမင်ရှောင်ဖယ်နေတာပါ ။အဲလစ်ကတော့ ပုံမှန်ပါဘဲ။
ဒါပေမယ့် ..အဖြေကို ..
သူ ပြောထွက်ပါ့မလား။
မသိတော့ဘူး!!စိတ်ရှုပ်တယ်!!!တွေးရလွန်းလို့ ဆံပင်တောင် ဖြူချင်နေပြီ..ဒုတ်!
အ!!!
*သား..အမလေး....အရှေ့ကို ကြည့်လျှောက်လေ...ဘာဖြစ်လာတာလဲ ခေါင်းငိုက်စိုက်ကြီး ဝင်လာတာ*
ဖိနပ်နှစ်ဖက်ကို ဘယ်ညာကန်ချွတ်ရင်း အိမ်ထဲဝင်လာလိုက်တော့ အိမ်ရှေ့တံခါးမကြီးနဲ့ နှဖူးပြင်နဲ့ မိတ်ဆက်သွားတော့သည်။
ဒီတံခါးက သူ လာတာ မမြင်ဘူးလား။