14

1.5K 128 0
                                        

Koreaက‌ေန14နာရီကျော်ကျော်ကြာစီးခဲ့တဲ့flightက  New Yorkမှာ ဆင်းသက်သွားခဲ့သည်။မနေ့ည၇နာရီကထွက်ခဲ့တာဆိုတော့ အခုဆို နံနက်၉နာရီရှိပြီ။

တစ်ညလုံးစီးလာရသည်မို့ ခန္ဓာကိုယ်က ညောင်းကိုက်နေသည် ။ထို့ကြောင့်လည်း company.က စီစဉ်ပေးတဲ့ Hotelကိုသာ မြန်မြန်လေးရောက်ချင်မိသည်။

လေဆိပ်ကထွက်သည်ဆိုရင်ဘဲ ‌များပြားလှတဲ့လူတွေကြောင့် တော်ရုံနဲ့ ထွက်ဖြစ်မှာမဟုတ်ဘူးဆိူတာjungkookသိလိုက်သည်။ကင်မရာ မီးတဖျက်ဖျက်သံတွေ။သူ့နာမည်ကို ‌ေအာ်ဟစ်ခေါ်နေတဲ့သူတွေ  အတင်းကာရော တိုးဝေ့နေတဲ့ ပရိသတ်တွေက သူလာမယ်ဆိုတာကို ကြိုသိနေခဲ့သည်။ဒါကြောင့်လည်း လာစောင့်နေတယ် ထင်၏။လုံခြုံရေးအပြည့်ယူထားပေမယ့် အော်ဟစ် ဆူညံနေတဲ့ ပရိသတ်တွေကြား နှုတ်ဆက် လက်ပြကာ လာကြိုတဲ့ ကားဆီအရောက်လာရခဲ့သည်။

*Hotelကိုဘဲ တန်းသွားလိုက်မယ်နော် jungkook*

*ဟုတ်ကဲ့ hyung*

ကားအရှေ့ခန်းကHobi hyungကို လှမ်းပြောရင်း ထိုင်ခုံပေါ်ကို ခေါင်းမှီချကာ မျက်လုံးတို့ ပိတ်ထားလိုက်သည်။ခရီးသွားရင် အိပ်မပျော်တက်တာ jungkookအကျင့်ဆိုတော့ သူများတွေထက်ပိုပင်ပန်းသည်။ထို့ကြောင့်လည်း ကျိန်းစပ်နေတဲ့ မျက်လုံးတို့ကို ခတ္တ အနားပေးလိုက်သည်။ဒီတနေ့ဘဲ နားရမှာ ကျန်တဲ့ ရက်တွေက ဆက်တိုက်ဆိုသလို shootingရှိတာကြောင့် အိပ်စက်ချိန်က လွဲရင် မအားတော့ပေ။

နာရီဝက်အကြာမှာ Hotelကိုရောက်ရှိခဲ့သည် ။
Hotelအဝင်ဝမှာတင် jungkookရဲ့ ရုပ်ပုံတွေက အများအပြား။ကိုးရီးယားပါမကဘူး နိုင်ငံတော်တော်များများပါ ကျော်ကြားပေါက်ရောက်လာခဲ့ပြီ။
Social platformတွေမှာဆိုရင်လည်း အမာခံပရိသတ်တွေက pageတွေ ဖွင့်ကာ အားပေးကြသည်။ထို့ကြောင့်လည်း jungkookကို ငှားဖို့ ကြော်ငြာတွေ ဇာတ်လမ်းတွဲတွေက လာရောက်ကမ်းလှမ်းကြတာ ထုနဲ့ဒေး။ဒါပေမယ့် သူက Mr.Herryနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်သည့်အတွက် စာချုပ်သက်တမ်းမပြည့်မချင်း တခြားcompanyတွေရဲ့ ကမ်းလှမ်းချက်ကို လက်ခံလို့မဖြစ်ပေ။ကြော်ငြာတွေလောက်ကတော့ ရိုက်လို့ရသည်။

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant