23

1.3K 114 6
                                    

မနေ့ညက တီတီလေး၏စကားကြောင့် jiminအလုပ်မသွားခင် jackတို့အိမ်ကိုသွားဖို့ပြင်လိုက်သည်။မိသားစု ပွဲလေးရှိလို့ သားအားရင် ခဏလောက်လာခဲ့ပါအုန်းဆိုလို့လေ။
မွေးနေ့ပွဲတော့မဖြစ်နိုင်ဘူး။ဘာကိစ္စလည်းအတိကျမသိပေမယ့် တကူးတကအိမ်ထိ လာခေါ်တာကြောင့် သွားမှရမယ် ။jackကတော့မရှိဘူး။
Japanကို showပွဲတခုအတွက်သွားတယ်ဆိုလားဘဲ။လွန်ခဲ့တဲ့ တပတ်လောက်ကသွားတာ။

ထို့နောက် နာရီဝက်အကြာပြင်ဆင်ပြီးတဲ့နောက်တော့ အောက်ထပ်ကိုဆင်းလာခဲ့သည် ။

*မောနင်း မာမီ.*

မီးဖိုခန်းထဲအလုပ်ရှုပ်နေသူ မာမီကို ကပ်တိုးလေးချွဲရင်းဆိုလိုက်သည်။

*အစောကြီးဘဲ.ဘယ်သွားမလို့လဲ သား.*

*အလုပ်မသွားခင်.တီတီလေးတို့အိမ် ခဏသွားမလို့လေ.ဘာကိစ္စလည်းတော့မသိဘူး ခေါ်ထားလို့.*

ပေါင်မုန့်တချပ်ကို ပါးစပ်ထဲအပြည့်ထည့်ရင်း ပြောနေတဲ့ သားဖြစ်သူကိုကြည့်ရင်း သူ(မ)စိတ်မကောင်းဖြစ်မိသည်။jungkookအမေလာပြောပြသွားလို့ အားလုံးသိခဲ့ရပြီးပြီ။သတင်းထဲမှာပါလာတဲ့အကြောင်းကအစပေါ့။သူတို့အနေနဲ့ သားလေးကို ချစ်ပေမယ့် လက်ခံပေးဖို့ကျတော့ မဖြစ်နိုင်လို့ပါဆိုပြီး အထပ်ထပ် တောင်းပန်ကာ ပြောသွားသည်။သူတို့ကရော ဘာတက်နိုင်မှာလဲ။ဒါက လူငယ်တွေ ကိစ္စဆိုတော့။သူ(မ)ကတော့ သားလေးရဲ့ ဆန္ဒကိုဘဲ အလေးထားပေးတယ်။သားလေးပျော်ရွှင်ရမယ့် အရာတွေကိူဘဲ သူ(မ)တိူ့ဘက်က ဖြည့်ဆည်းပေးမှာ။

အခုတော့ ဒီအပျော်လေးတွေ မကြာခင်ပျောက်ဆုံးသွားတော့မယ်။ဧည့်ခန်းထဲက သား၏ဒယ်ဒီကို သူ(မ)တချက်ကြည့်လိုက်တော့ သွားပါစေ ဆိုတဲ့မျက်နှာထားမျိုးနဲ့ ခေါင်းငြိမ့်ပြသည်။သားလေးကြေကွဲရမယ့် မြင်ကွင်းမျိုးကို သူ(မ)ဘယ်လိုစိတ်မျိုးနဲ့ လွှတ်ရပါ့မလဲ။

*မသွားပါနဲ့လား သားရယ်.*

*ဘာလို့လဲ.*

*ဪ..သားအလုပ်နောက်ကျနေမှာဆိုးလို့ပါ.*

*ရပါတယ် မာမီ ရဲ့..ခဏလေးဘဲကို.*

နောက်ဆုံးတော့သူ(မ)လည်းဘာမှထပ်မပြောတော့ဘဲပြုံးပြရင်းသာ ခေါင်းငြိမ့်ပြလိုက်သည် ။

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant