*ဝါး ...နှင်းတွေအများကြီးဘဲ.**အအေးမိမယ် ji,ji...*
Ji,ji၏ လက်ဖောင်းဖောင်းသေသေးလေးတွေက လက်အိတ်ဝါဝါလေးထဲ နစ်မြုတ်နေသည်။ထိုလကျသေးသေးလေးတှေနဲ့ တဖှဲဖှဲ ကျလာသော နှင်းတွေကို ခံယူရင်း ကလေးတွေလို ပျော်ရွှင်နေသည်။သူက နှင်းတွေကိုကြိုက်တယ်။
jungkookကတော့ji,jiပျော်နေတာကိုကြည့်ရင်း အသင့်ကိုင်ထားတဲ့ မာဖလာအဝါေလးတစ်ခုကို ji,ji၏လည်ပင်းကိုပတ်ပေးေနသည် ။နောက်ပြီး အနွေးထည်ထူထူလေးကိုလည်းလည်ပင်းအထိရောက်အောင် zipကိုဆွဲတင်ပေးလိုက်သည်။
*အာ...ငါ အသက်ရှုကျပ်တယ် jack.ရာ.*
*နေမကောင်းဖြစ်လိမ့်မယ်..*
*ငါ နှင်းတွေကိုကြိုက်တယ်လေ..*
*သိတယ်လေ.*
ပထမဆုံးကျတဲ့နှင်းကို ချစ်သူလေးနဲ့နှစ်ယောက်အတူကြည့်ခွင့်ရလို့သူပျော်နေခဲ့တာ။jackကေတာ့သူအေအးမိမှာဆိုးလို့ အိမ်ထဲကနေပြီးကြည့်မယ်လို့ ပြောပေမယ့် သူကတော့ စကားနားထောင်စွာနဲ့ မြို့ထဲထွက်လာ ပြီးလျှောက်လည်တော့သည်။
ချယ်ရီပွင့်ဖတ်တွေနဲ့အတူ နှင်းဖြူဖြူလေးတွေက သူ့ခေါင်းထက်ပြန့်ကျဲကြလာသည်။
ထိုအခါ jackက ဆွဲခါပေးရင်း လက်သွယ်သွယ်လေးတွေနဲ့ သူ့ခေါင်းကိုအုပ်မိုးပေးသည်။*ရပါတယ် jack.ရာ။သူများတွေကြည့်နေပြီ ရှက်စရာကြီး.*
*ဘာ ရှက်စရာလဲ။ကိုယ့်ချစ်သူကို ကိုယ်လုပ်ပေးတာကို.*
ပြန်အဆင်ပြေပြီးတဲ့နောက်မှာ jackက သူ့ကိုပိုပြီးသဲသဲလှုပ်လာသည်။ေနာက်ပြီးကလေးတယောက်လိုမျိုးလည်း ဆက်ဆံတက်သည်။
အစားအသောက် အဝတ်အစားက အစ ဟိုဟာ မစားနဲ့ ဒီဟာ မဝတ်နဲ့ဆိုတာမျိုးပေါ့။မထင်ရင်မထင်သလိုလည်း မာမီတို့အရှေ့မှာပါ အကဲပိုလွန်းလို့ သူ့မှာ မျက်နှာပူရသည်။တကယ်ပါ jackရဲ့ ဂရုစိုက်မှုတွေကို သူလိုက်မမှီတော့ဘူး။အရမ်းချစ်တယ်လွန်းတယ်လို့ဘဲ သူ ပြောနိုင်တော့သည်။
*ပထမဆုံးနှင်းကျတာကို မင်းနဲ့ကြည့်ခွင့်ရတာ ကံကောင်းလိုက်တာ.*