တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းက ညကအရှိန်မပျယ်သေးဘူးဆိုတာပြနေသည်။တော်သေးတာပေါ့ shootingက နေ့လည်မှာမို့။မဟုတ်ရင် စိတ်မကြည်တာနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။
ကုတင်ခေါင်းရင်းဘေး ဖုန်းကိုယူပြီးဘယ်အချိန်ရှိနေလဲ ကြည့်လိုက်တော့ အံ့ ဩလွန်းလို့ မျက်လုံ့းပါ ပြူးကုန်သည်။ji,jiက စာတွေပို့ထားတာဘဲ။ညက မူးနေတာနဲ့ ဖုန်းတောင်တွေ့ရာနေရာ ပစ်တင်လိုက်တာ။ပို့ထားတဲ့စာတွေဖတ်ကြည့်လိုက်တော့ မှ စိတ်မကောင်းဖြစ်မိသည်။သူ ဒီရက်ပိုင်း ပစ်ထားတာများသွားတာဘဲ။အရင်လို ဂျီကျတာမျိုးမဟုတ်ဘဲ မအားမှာဆိုးလို့ အလိုက်တသိနေပုံများ..အူယားလိုက်တာ../ဖုန်းလေးတောင်မခေါ်တော့ဘူး။/7:00p.m
/မအားလို့လား။/7:30p.m
/ငါ့ကတော့ မင်းကိုသတိရနေတာ။မင်းကျတော့နေနနိုင်လိုက်တာ/8:00p.m
/Ig မှာfollowerတိုးလာလို့ ဂုဏ်ယူပါတယ်/8:45p.m
/ငါ......မင်းကို....လွမ်းတယ်..jack.ㅜㅜ/10:00p.mနောက်ဆုံးပို့ထားတဲ့စာလေးကြောင့်jungkookပြုံးမိသည်။ငါလည်း လွမ်းတယ် ji,ji,။
ခေါင်းကိုက်တာ
တောင် ဘယ်ဆီရောက်သွားလဲ မသိ။
ဖုန်းပြန်ခေါ်စိတ်ကူးလိုက်ပေမယ့် supriseအနေနဲ့ အလုပ်ထဲဘဲ လိုက်သွားဖို့ ပြင်တော့သည်။
ကောက်စိတ်လေးကြိုက်တက်တဲ့မုန့်လေးတွေနဲ့ပေါ့....။ji,jiကဘယ်လောက်စိတ်ဆိုးဆိုး သူကြိုက်တက်တဲ့ အရာလေးးတွေနဲ့ ချော့ရင် ကြာကြာမနေနိုင်ဘူး။
ထို့နောက် လေ အလျင်လိုသာ jungkookမြန်မြန်လေး ပြင်ဆင်တော့သည်။Hobi hyungလည်းမရှိတာကြောင့် လိုအပ်တာတွေ ကိုယ်တိုင်ဘဲ ဆွဲအိတ်ထဲ ကောက်ထည့်လိုက်သည်။ပြီးနောက် အကောက်တော်လေးဆီကိုသာ ထွက်လာခဲ့သည်။
---------*ဒါလေးတောင် မှားအောင်လုပ်ရလား!!!ဘယ်လိုလူတွေကိူ ခန့်ထားလဲမသိဘူး..တကယ်ဘဲ စိတ်တိုလိုက်တာ...*
*ညကညည့်နက်တဲ့အထိလုပ်နေလို့ မျက်စိမှားသွားတာပါM.D..*
*ပြောလိုက်ရင် ဆင်ခြင်တွေကြီးဘဲ...စာရင်းတွေတလုံးမှားတာနဲ့ဘာဖြစ်မလဲ သိတယ်မလား...နောက်ဆိုသေချာလုပ်...*
*ဟုတ်ကဲ့...*
မနက်ကတည်းက အလုပ်ကိုစောစောရောက်လာပြီး မျက်စိထဲ တွေ့တွေ့သမျှအရာတွေကို ပတ်ရမ်းနေတဲ့ jiminပါ။အခုလည်း လချုပ်စာရင်းစစ်နေရင်း အော်ငေါက်နေလိုက်တာ။ဆူထော်နေတဲ့နှုတ်ခမ်းတွေကြောင့် တခုခုကို စိတ်အလိုမကျလာတာဆိုတာ သိသာနေသည်။ဒါေပမယ့်လည်း ဘယ်သူကြောင့်ဆိုတာမသိတာမို့ ငြိမ်ပြီးသာနာခံနေကြသည်။