*ဟို ဒီက jimin.ထင်တယ်.*
Cafeဆိုင်၏ဒေါင့်ကျကျဝိုင်းတဝိုင်းမှာထိုင်နေရင်း မိန်းမလှလေးတစ်ဦးကမေးလာသည်။
*အာ ..ဟုတ်ပါတယ်..ဟို ထိုင်ပါ*
*ဟုတ်ကဲ့.*
အပြုံးချိုချိုလေးနဲ့ ထိုမိန်းမလှလေးကရယ်ပြရင်း သူ့အရှေ့မှာထိုင်လိုက်သည်။သူလည်း အသင့်မှာထားပေးတဲ့coffeeတခွက်ကို သူ(မ)၏အရှေ့ကိုတိုးပေးရင်းပြုံးပြလိုက်သည်။
Jimin ကမိန်းမလှလေးတယောက်နဲ့dateနေတာပါ။တနည်းblind dateလုပ်နေတာပေါ့။ဘယ်နယောက်မှန်းမသိတဲ့မိန်းမလှလေးတွေထဲ သူ(မ)ကတော့ပိုပြီးလှတယ်လို့ဆိုရမလား။online blind dateဖြစ်တာကြောင့်တခါမှတော့မမြင်ဖူးပေ။အခုမှfirst dateလုပ်တာပါ။အရင်ကမိန်းကလေးတွေနဲ့တွဲဖြစ်လားဆိုတော့လည်း မတွဲဖြစ်ပါဘူး။ဒီတိုင်းဘဲ jackကိုမေ့ပစ်ချင်တာရယ် အရွဲ့တိုက်ချင်တာကြောင့် နည်းနည်းလေးဆိုးကြည့်တာကလွဲရင် သူ့ရင်ထဲကို ဘယ်သူကမှတိုးလို့မပေါက်ခဲ့ပါဘူး။
အရက်မူးပြီးလမ်းခွဲစကားကိုပြောချင်သလိုသူ့ဘက်ကဘဲစပြီးပြောခဲ့တာမှန်ပေမယ့် မိုးလင်းတော့မသိစိတ်ကjackများဆက်သွယ်ထားမလားဆိုပြီးမျှော်နေမိသေးသည်။ဒါပေမယ့်လည်းအချည်းနှီးသာ။jackက ထိုနေ့ကစပြီးသည်ကနေ့အချိန်ထိ လုံးဝကိုမဆက်သွယ်ခဲ့ပါဘူး။သူ့ထက်တောင်ပိုပြီးပြတ်သားနေခဲ့တာကိုသူသိလာခဲ့သည်။သူကလည်းမာနရှိသူပီပီ jackဆီကိုမဆက်သွယ်ခဲ့ပါဘူး။ထိုနေ့ကစပြီးသူအရွဲ့တိုက်ဖို့ခြေလှမ်းစတော့သည်။တပတ်တခါ blind dateလုပ်သလို barကိုလည်းရက်ခြားတခါ ထိုင်ဖြစ်သည်။ေနာက်ပိုင်းေတွမှာေတာ့jackနဲ့ဆက်သွယ်လို့ရတဲ့နံပါတ်တွေကိုလည်းဖျက်ပြစ်ခဲ့သလိုသူ့ဆီကိုလာတွေ့ရင်လည်းရှောင်ဖယ်ပစ်ခဲ့သည်။
jackကိုအရမ်းလွမ်းလာရင်တော့ socialေပါ်က jackဧ။် လုပ်ရှားမူတွေကိုကြည့်လိုက်ရင် ပုံမှန်အတိုင်းဘဲ jackက အလုပ်တွေအဆက်မပြတ်လုပ်ကာ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့လည်း အမြဲတမ်းအတူတူတွဲပြီးတွေ့ရတက်သည်။တခါတလေ အင်တာဗျူးတွေမှာများ ပြုံးရယ်နေလိုက် မနာလိုစရာကောင်းလောက်အောင်ဘဲ။သူကသာ လွမ်းနေတာ jack ကတော့ သတိတောင်ရပုံမပေါ်ဘူး။
