Extra (end)

2.3K 145 12
                                    


ဘဝရဲ့‌ေန့ရက်တချို့က အဆင်ပြေနေခဲ့ပေမယ့် အဆင်မပြေတဲ့အခိုက်တန့်တွေလည်းရှိနေပြန်တယ်။
တပတ်တိတိပြည့်ခဲ့ပြီ jackနဲ့စကားမပြောတာ။
လူလွတ်တွေမဟုတ်တော့တာကြောင့် အရင်က jiminနေခဲ့တဲ့ condoမှာဘဲ သူတို့နှစ်ယောက်နေကြသည်။jiminကတော့ ဒယ်ဒီရဲ့ အလုပ်တွေကို အရင်လိုဘဲ ပြန်ဦးစီးတယ်။jackကတော့ တခါတလေသူ့ကိုဝိုင်းကူတာပေါ့။

Jackကအားလပ်တဲ့အချိန်တွေမှာတော့ ပန်းချီဆွဲသည်။နောက်ပြီး ပြခန်းတွေမှာတင်ရောင်းတယ်။
ဒီလိုနဲ့သူတို့ဘဝလေးပျော်ရွှင်နေခဲ့ပါတယ်။

ဒါပေမယ့် အိမ်တအိမ်မှာ ဆည်းလည်းမရှိတဲ့အခါ တခါတလေ ပျင်းရိဖွယ်ကောင်းလှသည်။မိသားစုဆိုတဲ့ အသိုက်မြုံလေးကို လိုချင်တာကြောင့် jackဆီက သဘောတူညီမှုနဲ့ ဖန်ပြွန်သန္ဓေသား ပြုလုပ်ဖို့ တိုင်ပင်ကြသည်။ထိုအခါ jackကပြင်းထန်စွာကန့်ကွက်တော့သည်။

*ဒါက ဘယ်လောက်အန္တာရယ် များလဲ မင်းသိလား ji,ji.*

*ဒါပေမယ့် ကလေးရှိတော့ ပိုပြီးသာယာပျော်ရွှင်တာပေါ့.*

*အခုကရော မင်းမပျော်ရွှင်ရလို့လား.*

*ငါပြောတာက ..ကျစ်!!*

ညည့်နက်သန်းခေါင်ဧည့်ခန်းထဲ အခြေတင်များနေကြသူ ချစ်သူနှစ်ဦး။ဘယ်သူက မြှောက်ပေးလိုက်လဲ မသိပေမယ့် ဒီလောက် သဘာဝလွန်တဲ့ ဖြစ်ရပ်ကို သူက ခွင့်ပြုစရာလား။သွေးသားခြင်းနှီးနှောတာတောင် အော်ဟစ်ငိုကြွေးနေတာ။

Ji,jiကို သူ လုံးဝ အထိခိုက်မခံနိုင်ဘူး။ဒါကြောင့်ဘဲ မဖြစ်မနေတားရလိမ့်မယ်။

*Ji,ji...ဒါက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးနော်။
မေမေတို့သိရင်လည်း ခွင့်ပြုမှာမဟုတ်ဘူး.*

*မသိဘူး။ငါ လိုချင်တယ်.*

*Ji,ji..!!*

*ဘာလဲ.*

*မင်း ခေါင်းမမာနဲ့နော်။အေ...ငါ မသိဘဲလုပ်ရဲရင်လုပ်ကြည့် ငါနဲ့တွေ့မယ်.*

Jackရဲ့ဂရုဏာဒေါသက အခုချိန်မှာသူ့အတွက်တော့နားထောင်လို့မကောင်းတော့ပေ။ထိုနေ့ကစလို့ သူတို့နှစ်ဦးမျက်နှာခြင်းမဆိုင်ဖြစ်ကြဘူး။သူကလည်း မိုးလင်းကနေအလုပ်သွားရင် ညနေမီးတွေထိန်ထိန်လင်းတဲ့အချိန်မှပြန်လာသည်။

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant