*jungkook ခဏနေ shootingစတော့မယ်နော်.*
*.....*
*Jungkook..*
*ဟမ်.*
*ခဏနေ shootingစပြီလို့.*
*ဪ ဟုတ်ကဲ့.*
*ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား..*
*ကောင်းပါတယ် hyung...ကျွန်တော် လာခဲ့မယ်လေ..*
*အင်း..*
ဖုန်းကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး အတွေးလွန်နေသူjungkookကို hobiလည်း ခေါင်းခါရင်းသာ ထွက်လာခဲ့သည်။ဒီရက်ပိုင်း မင်းသားကစိတ်နဲ့ကိုယ်နဲ့ကို မကပ်ဘူး။ရိုက်ကွင်းမှာလဲ အလွဲလွဲအချော်ချော်ဘဲ။ခါတိုင်း တရက်ကို တခန်းလောက်ပြီးပေမယ့် အခုဆို ခဏခဏ မှားနေလို့ တခန်းတောင်မပြီးလိုက်တဲ့ရက်တွေက ဆက်နေပြီ ။အမြဲတမ်းတက်ကြွနေတဲ့ ဒီေကာင်လေးက ဘာလိုများ မှိုင်ကြသွားတာလဲ hobiလည်းမတွေးတက်ေတာ့ဘူး။
*Jungkook ..*
*....*
Hobi hyungထွက်သွားပြီးတော့ နောက်ထပ်ဝင်လာသူက Henry။ဒီရက်ပိုင်းစိတ်ရှုပ်နေရတာ သူ(မ)ကြောင့်လဲပါသည်။အခုလဲ ဘာအကြောင်းရှိနေပြန်ပြီလဲမသိဘူး။
*ကော်ဖီသောက်လိုက်ပါ..jungkook စိတ်ညစ်နေတယ်ထင်တယ်.*
*သေချာပေါက်ပေါ့.*
အရင်လိုတော့ အပြုံးတွေမပါတော့ဘူး။ခက်ထန်တဲ့အသံတော့မဟုတ်ပေမယ့် သူ့အသံကိုကြားတာနဲ့ သူ(မ)ကိုမလိုလားဘူးဆိုတာ သူ(မ)သိသင့်တယ်။မိန်းကလေးတွေက ဘာလို့တဇွတ်ထိုးဆန်ရဲရတာလဲ သူမစဉ်းစားတက်ဘူး။
*နောက်တပတ်ကျရင် showပွဲတခု တက်စရာရှိတယ် jungkook.*
*အင်း..*
ဒါဘဲလား။သူ(မ)စကားတွေကို တုန့်ပြန်ပုံက အင်း တလုံးထဲလား။ရိုးစင်းလိုက်တာ။ဒီလောက်သူ(မ)က အစွမ်းကုန်လိုက်လျောပေးထားတာတောင်မှ jungkookက သွေးအေးတုန်းဘဲ။
Make up တွေတင်ထားတဲ့ခုံပေါ်ကို ကော်ဖီခွက်ချပေးရင်းသူ(မ)လည်း ထွက်လာခဲ့သည်။မာနတွေ ထိခိုက်လွန်းလို့ပါ။ဒေါက်ဖိနပ်သံတညံညံက သူ့အနားကထွက်သွားတော့မှ jungkookမျက်နှာကို လက်နှစ်ဖက်ဖြင့်ပွတ်သက်ရင်း သက်ပြင်းချလိုက်သည် ။ထို့နောက် သူ့အရှေ့မှာ ပုံရိပ်ထင်ဟပ်နေတဲ့ မှန်ကို
ကြည့်လိုက်သည်။ညိုညစ်ညစ်မျက်ကွင်းနှစ်ဖက်ကဒီရက်ပိုင်းအိပ်ရေးမဝတာကို သက်သေပြနေသည်။
သူနဲ့ji,jiတို့ရဲ့ ပုံတွေကို တပတ်အတွင်းပျောက်သွားအောင် uncleကလုပ်ဆောင်ခဲ့သည်။ဘာသတင်းမှဆက်မကြားရတော့သလို သူတို့ပုံတွေကလည်း ဖျက်သွားခဲ့သည်။သူလည်းအရင်တိုင်းဘဲ အလုပ်တွေကို ဆက်လုပ်နေခဲ့သည်။
တလအတွင်းမှာေတာ့သူ့ရဲ့ကြိုးစားမှုကြောင့် အမာခံပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပြန်လည်ပြီးရရှိခဲ့သည်။