ကျေးငှက်သံဆာဆာက နံနက်မိုးသောက်နေပြီဆိုတာ အချက်ပေးနေပြီ။နေ့စဉ်လုပ်ငန်းစဉ်ကတော့ အရင်ရက်တွေလိုပါဘဲ။အိပ်ယာထ တကိုယ်ရည်သန့်ရှင်းရေးလုပ် မနက်စာစား ရုံးသွား။အရင်လို ကားပတ်မောင်းဖို့တောင်jiminဖိူ့ အချိန်မရတော့ဘူး။ဒီရက်ပိုင်းjungkookနဲ့လည်း အဆက်သွယ်ပြတ်နေတယ်။jiminဆက်သွယ်တဲ့အချိန် မအားမှာလည်း ပူရသေးသည်။အများနဲ့လုပ်ရတာကြောင့် ခေါ်ချင်တဲ့အချိန်ခေါ်လို့မရဘူးလေ။သူအားရင်ဆက်သွယ်လာမှာပေါ့။နာရီလက်တံက 7နာရီကျော်ကျော်ကို ပြနေတာကြောင့် အတွေးကိူဘေးဖယ်ပြီး ကိစ္စဝိစ္စလုပ်ဖို့သာ ပြင်တော့သည်။
*မောနီး သားလေး..*
*မောနီး..မာမီ...ဒယ်ဒီ နိုးနေပြီလား...*
*နိုးနေပြီသား....သား ဒယ်ဒီ နေမကောင်းဘူးနဲ့တူတယ် အခန်းထဲ ပြန်ဝင်သွားပြီ...*
*ဟုတ်လား...သား သွားကြည့်လိုက်မယ်..*
*ဘယ်ကိူလဲ ..ငယ်လေး..*
*ဒယ်ဒီ ဆီ မမ....
မနက်စာ စားနှင့်နော် ..သား ဆင်းလာခဲ့မယ်..*ဒေါက်ဒေါက် !!!
တံခါးခေါက်သံ အချက်ပေးပြီးတော့ အခန်းထဲ အသာယာ ဝင်ခဲ့လိုက်သည်။ဒယ်ဒီ ဒီရက်ပိုင်းကျန်းမာရေးချူချာနေသလားလို့။
*ဒယ်ဒီ နေမကောင်းဘူးဆို...*
*အင်း...သား...နည်းနည်းပါ..ခေါင်းကိုက်နေလို့..ဒီနေ့ companyကို မလိုက်လို့ ဖြစ်တယ်မလား....*
*ရတာပေါ့..ဒယ်ဒီနားလိုက်နော်...သားလည်း လုပ်ငန်းအတွေ့ကြုံ ရလာပါပီ..နောက်ပြီး..အဲလစ်လည်းရှိတာဘဲကို...*
*ဟုတ်ပြီ...ဒါဆို အဲလစ်ကို ဒယ်ဒီ အကြောင်းကြားထားလိုက်မယ်..*
*ဟုတ်ကဲ့...ကောင်းကောင်းအနားယူလိုက်အူး နော်...*
___
*ဘာတဲ့လည်း...သား..**ခေါင်းနည်းနည်းကိုက်နေရုံပါ..သားဘဲcompanyကိုသွားလိုက်တော့မယ်..*
*ဟုတ်ပြီ..မနက်စာ စားလိုက်အူးနော်..*
*ဒယ်ဒီ နေမကောင်းဘူးဆိုရင် သား လည်း လိုက်သွား လိုက်မယ်လေ..*