21

1.2K 111 5
                                    

*ဒါက ဘယ်လိုဖြစ်ရတာလဲ jungkook.*

*ကျွန်တော်တောင်းပန်ပါတယ်.*

*ဒါဆို တကယ်ဘဲ မင်းပေါ့.*

*ဟုတ်ပါတယ်..*

Mr.Harryသည်လည်း သက်ပြင်းချရုံမျှသာ တက်နိုင်တော့သည်။ဒီကလေးကို သူတို့ဘယ်လောက်ထိ မျှော်မှန်းထားခဲ့ရတာလဲဆိုတာ သူအသိဆုံးဘဲ။ဒါပေမယ့် အခုတော့ dating သတင်းကြောင့် ပရိတ်သတ်များစွာရဲ့ ထိုးနှက်ခြင်းကိုခံနေရပီ။

မိုးလင်းလင်းခြင်း သတင်းခေါင်းစည်းပိုင်းတွေမှာ နေရာယူထားတဲ့ datingက ဟိုးလေးတကျော်ကျော်ဘဲ။အရွယ်ရောက်ပြီးသားဖြစ်လို့ ဒီကိစ္စတွေက သိပ်တော့မထူးဆန်းပါဘူး။တကယ်ထူးဆန်းသွားတာက jungkookနဲ့datingထွက်တဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောကျာ်းလေးတယောက်ဖြစ်နေတယ်လေ။ဒါကို တချို့ ပရိတ်သတ်တွေက လက်ခံကြပေမယ့် လက်မခံကြတဲ့သူတွေက ၁၀၀မှာ၉၀လောက်ရှိတယ်။

ဒီအတိုင်းသာ ဆက်သွားနေရင်တော့jungkook,နာမည်ကျသွားဖို့ဘဲရှိတော့တယ်။ဒါကြောင့် သူတို့ companyကမင်းသားဖြစ်တာကြောင့် သူတို့မှာ အပြည့်ဝကာကွယ်ဖို့တာဝန်ရှိတယ်။တော်သေးတယ်လို့ပြောရမလား တဖက်က ကောင်လေးရဲ့ ရုပ်ရည်ကို သေသေချာချာမမြင်ရလို့။မဟုတ်ရင် ဒီထက်ပိုပြီးရှုပ်သွားမှာ။အဲကောင်လေးလည်း အန္တရာယ်ကြုံရနိုင်တယ်။

*ဘယ်လိုဆက်လုပ်ဖို့စိတ်ကူးထားလဲ jungkook.*

*ကျွန်တော် အမှန်တိုင်းချပြလိုက်မှာပါ..*

*မရဘူးနော်!.jungkook.ဒါက ကလေးကစားစရာကိစ္စမဟုတ်ဘူး .မင်းရဲ့ အောင်မြင်မှုတွေကို အချစ်တွက်နဲ့လဲလှယ်ပစ်ဖို့လား..*

*ဒါပေမယ့်လည်း ဒါက အမှန်တရားတခုဖြစ်နေတယ်လေ..*

*အခုချိန် ချပြလိုက်ရင် မင်းနဲ့အဲ့ကောင်လေးကို ကြည်ဖြူကြမယ် ထင်လို့လား။ဒီထက်ဆိုးရွားတဲ့ ကိစ္စတွေဖြစ်လာနိုင်တယ်နော်..jungkook.မင်း သေသေချာချာလေးစဉ်းစား...*

ညည့်လယ်လောက်ကတည်းက hobi hyungက ဖုန်းဆက်လို့ အကြောင်းစုံသိခဲ့ရတယ်။ဘယ်သူကတင်လိုက်လည်းမသိပေမယ့် သူနဲ့ ji,jiရဲ့ ပုံတွေက socialထက် ပလူပျံနေသည်။ဂရိ ကိုသွားခဲ့တဲ့ပုံတွေ နောက်ပြီး သင်္ဘောပေါ်မှာ နမ်းနေတဲ့ပုံတွေထဲမှာ သူ့မျက်နှာက အထင်းသားဘဲ။ဒါပေမယ့် ကံကောင်းစွာဘဲ ji,jiရဲ့ မျက်နှာ‌ကိုတော့ ဝါးထားပြီးတင်ထားကြတာ။

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant