/မင်းသားjeon jungkookနဲ့Model Henryတို့dinner date/
/ဒီရက်ပိုင်း မင်းသားjeon jungkookနဲ့Model Henryတို့ကို အမြဲတမ်းအတူတူတွဲမြင်ရ/
/မင်းသားjeon jungkookကHenryကို နူးနူးညံ့ညံ့အကြည့်တွေနဲ့ပြောဆိုဆက်ဆံ/
Socialေပါ်မှာဟိုဟိုဒီဒီ ကြည့်နေတုန်း ထင်မြင်ချက်တွေနဲ့အတူတက်လာတဲ့သတင်းနဲ့ပုံတွေကြောင့်jiminမျက်မှောင်ကြုတ်မိသည် ။ဒီသတင်းက အခုရက်ပိုင်းတွေမှာ မကြာမကြာတွေ့နေရတာ။
သတင်းသမားတွေကတော့ လူစိတ်ဝင်စားအောင်လုပ်နေတာလား အမှန်တကယ်ဘဲလားဆိုတာကတော့ သူလည်းမသိဘူးထို့ေနာက်သူသည်လည်း ဆက်သိချင်တာကြောင့် သတင်းpageထဲဝင်ဖတ်လိုက်တော့
အောက်က ပရိတ်သတ်တွေရဲ့အားပေးမှုနဲ့အတူမှတ်ချက်ပေါင်းမြောက်များစွာ။
"သူတို့နှစ်ယောက်တွဲနေကြတာ။"သူတို့သာတွဲရင်တကယ်လိုက်ဖက်မှာ"စသဖြင့်ရေးသားထားကြတဲ့သူတွေ။ထို့ေကြာင့်သူလည်း တဖက်သတ်ပြန်လည်မှန်ချက်ပေးလိုက်သည်။
လိုက်ဖက်တယ်!! ဘယ်နားလိုက်ဖက်လို့လဲ..!!ကြည့်ပါအုန်း..ဝတ်ထားတဲ့ဂါဝန်က ရင်သားတွေမတရားပေါ်နေတာ..နောက်ပြီး တိုကလည်း တိုသေး.
နှုတ်ခမ်းနီဆိုးထားတာကလဲ နီရဲနေတာဘဲ..နှုတ်ခမ်းတစ်ခုဘဲမြင်ရတော့တယ်..
Jackကနူးနူးညံ့ညံ့ကြည့်တယ်!!ဘယ်မှာကြည့်နေလို့လဲ!!ဟိုModelကသာ အတင်းဝင်ရောနေတာကို..မမြင်ကြဘူးလားမသိဘူး..မလိုက်ဘူး!တစက်ကလေးမှကို မလိုက်ဖက်ဘူး..အလကား!နာမည်ကြီးချင်လို့ လျှောက်ရေးနေတာ သတင်းသမားတွေက..နှုတ်ခမ်းကိုဆူကာ စိတ်ထဲ ကြုံးဝါးသံတွေတော့ ဘေးလူတွေမကြားပေမယ့်jiminစိတ်ထဲ အမှန်တကယ် ဒေါသထွက်နေသည်။
နောက်ပြီး jackကေရာ ဘာလို့ ဒီလောက်တောင် ပြုံးဖြီးနေတာလဲ!ပြောတော့ ဘယ်မိန်းကလေးကိုမှ အနားမကပ်ခံဘူး ဆိူပြီးတော့လေ!အခုတော့overseaမှာ သာယာပျော်ရွှင်နေတာ...အား!!!စိတ်တိုလိုက်တာ........jeon jung kook!!မကောင်းတဲ့သူငယ်ချင်း...မိတ်ဆွေအသစ်ရတော့ ငါ့ကို ပလစ် ပြီပေါ့လေ...
တကယ်သာတွဲနေတယ်ဆိုရင် မင်းတော့အသေဘဲ jack..
ငါ..ငါ တကယ် အကြီးအကျယ် စိတ်ဆိုးမိမှာ...
မဟုတ်သေးဘူး..ငါ ဝမ်းနည်းမိမှာ.....