18(2)

1.3K 111 8
                                    


နံနက်ခင်း နေရောင်ခြည် လေးနဲ့အတူ ကျေးငှက် အသံလေးတွေကလည်း တဆာဆာနဲ့ အော်မြည်နေသည် ။

ညက ဖတ်လျက်သား အိပ်ပျော်နေတဲ့ အချစ်ငှက်လေးတွေက အခုတော့ ကုတင်စွန်းရဲ့ တနေရာစီကို ရောက်ရှိနေကြပြီ။အိပ်ရေးဆော့တာမဟုတ်ပါဘူး...အိပ်ရင်းနဲ့ လိမ့်သွားတာပါ။

ထို့နောက် jungkookက အနီးနားကို လက်စမ်းကြည့်လိုက်တော့ အေးစက်စက် အိပ်ယာခင်းကိုသာ ကိုင်မိသည်။
ထို့ကြောင့်လည်း မပွင့်တပွင့် မျက်လုံးလေးနဲ့ ဘေးဘီကို ကြည့်လိုက်တော့ ပုစွန်ထုတ်လေးလို ကွေးနေတဲ့ ချစ်ရသူလေးက စောင်ပုံကြားထဲ နစ်နေသည် ။

ထိုအရာကို သဘောတကျ ကြည့်ရင်း jungkookမျက်နှာထက် အပြုံးတွေ ဝေဆာလာသည်။အချစ်နဲ့ နိုးထလာခဲ့တဲ့ မနက်ခင်းကလည်း သာယာလှသည်။

လိုက်ကာစ ကြားထဲက ထိုးထွက်လာတဲ့ နေရောင်က ချစ်သူလေးရဲ့ မျက်နှာထက်ကိုရောက်ရှိလာတဲ့အခါ ချစ်သူလေးသည် မျက်မှောင်ကြုတ်ပြီး စောင်ကို ခေါင်းအထိဆွဲခြုံကာ တဖန် ပြန်အိပ်သွားသည်။

လှုပ်ရှားမှုတခုချင်းစီကိူjungkookတယောက်ပြုံးပြုံးလေးသာ  မလွတ်တမ်းကြည့်နေမိသည် ။
ထို့နောက် တကိုယ်လုံးစောင်ပုံကြားထဲ ကွေးဝင်နေတဲ့ ချစ်သူလေးကို အနောက်ကနေ ထွေးပွေ့ထားလိုက်သည်။

*Jack..*

*ပြွတ်စ်..ကောင်းကောင်းအိပ်ပျော်ရဲ့လား..*

*အင်း...*

မနက်ခင်းအလင်းရောင်နဲ့အတူ ချစ်သူလေးရဲ့ မျက်နှာလေးသည်လည်း ဖြူဖွေးကြည်‌လင်နေပြီး အိပ်ယာနိုးကာစမို့ အသံလေးကလည်း အပ် ရှရှ လေး...

မျက်နှာတစ်ပြင်လုံးကို နေရာလပ်မကျန်အောင် အနမ်းမိုးတွေ ရွာသွန်းလိုက်တော့ ချစ်သူလေးက ရှောင်ဖယ်သွားသည်။

*ဘာလို့လဲ..*

*ငါ မျက်နှာ မသစ်ရသေးဘူးလေ...*

*ဒါပေမယ့်လည်း မွှေးနေတာဘဲ..ပြွတ်စ်....နဖူးလေးကော..ပြွတ်စ်..ပါးလေးနှစ်ဖက်ကော...ပြွတ်စ်..နှာတံလေးကော....ပြွတ်စ်...ဒီနှုတ်ခမ်းထူထူလေးကို တော့ အကြိုက်ဆုံးဘဲ..*

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant