Happy New Year

1.5K 116 4
                                    

*သမီး ရေ...ပါးပါးကိုမေးပါအုန်း မပြီးသေးဘူးလားလို့.*

*ပြီးပါပြီ ..မင်းတို့သားဖတွေ ဘာလို့ဒီလောက်ဆူညံနေရတာလဲ.*

နှစ်တနှစ်ရဲ့အဆုံးသတ်ကိုရောက်ရှိခဲ့ပြီ။မကြာခင်နှစ်သစ်ကူးတော့မယ်။ရက်ပေါင်း၃၆၀မှာ ပင်ပန်းမှုတွေ ရှိခဲ့ပါတယ်။အလုပ်တွေ‌ကိုနေ့စဉ်ဆိူသလို အားလပ်ရက်မရှိဘဲ သူကော jijiကော လုပ်ခဲ့ကြတယ်။

အရာရာဟာ သားနဲ့သမီးလေးအတွက်ဆိုပြီးဦးစားပေးစဉ်းစားကာ တိုင်ပင်ရင်း လုပ်ဆောင်ခဲ့ကြသည်။အခုဆို သားနဲ့သမီးကျောင်းတက်ရတဲ့ အရွယ်ကိုပင် ရောက်လာခဲ့ပြီ။နီတာရဲလေးတွေက မျက်စိရှေ့တင်ကြီးပြင်းလာလိုက်ကြတာ။

အရမ်းလည်းချစ်စရာကောင်းသလို အမူအကျင့်တွေကအစ သူတို့နှစ်ယောက်စလုံးရဲ့ခြေယာကိုနင်းသည်။

*မေမေတို့က စောစောလာလို့မှာထားတယ်လေ.*

*အခုလည်းအချိန်မှီပါတယ် jack.ရာ.*

*ပြီးရင်လည်း လာ..သွားကြမယ်.*

အေးစက်စက်ဖြစ်နေတဲ့ရာသီဥတုကြောင့် ကလေးနှစ်ယောက်ကို အနွေးထည်ထူထူနဲ့ ခေါင်းစွပ်တွေပါ လုံနေအောင်ဝတ်ပေးလိုက်သည်။

*သား အသက်ရှုကျပ်တယ် ပါးပါး*

*အေးတယ်လေ သားငယ်လေးရယ်.*

အနွေးထည်zipကိုဆွဲတင်‌ေပးလိုက်‌ေတာ့စိတ်ရှုပ်ဟန်ဖြင့် သားငယ်လေးက ဆိုလာသည်။သားငယ်လေးက အအေးကြိုက်တယ်။တော်ရုံအေးတာလောက်တော့ မမှုဘူး။ဒါပေမယ့်လည်း အကဲပိုရတဲ့ ချစ်ပါးပါးလေးက သားနဲ့သမီးကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်လုပ်ပေးမှကျေနပ်တာ။နေမကောင်းဖြစ်မှာလဲ အရမ်းစိုးရိမ်တယ်။

*မင်းလည်း ထူထူလေးဝတ်ခဲ့..အပြင်မှာအရမ်းအေးတာ.*

*အင်းပါ.*

မိသားစုစားပွဲလေးကို မာမီတို့အိမ်မှာလုပ်တာဖြင့်လို့ သူတို့သားဖတွေအပြင် မမ တို့ပါရောက်နေကြတဲ့ဆိုလို့ သွားကြမှာ။မာမီတိူ့အိမ်မှာဘဲ နှစ်ကူးကြမှာလေ။

*အင်းပါ ဆိုပြီး အခုထိမဝတ်ရသေးဘူး.*

ပြောလည်းပြောရင်း jack.က အခန်းထဲပြေးဝင်ကာ သူ့အတွက်‌အနွေးထည်ဝင်ယူပေးသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Mar 16, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

"RELATIONSHIP"(Completed)Où les histoires vivent. Découvrez maintenant